BEC-TERO TV

ဘော်နီယိုကျွန်းသူ ကျွန်းသားတွေတောမီးတွေကိုကိုယယ်တိုင်ငြိမ်းသတ်နေ

29 Oct 2015     1,318 Views


အင်ဒိုနီးရှားမှာမီးခိုးမြူကျဆင်းတာမြင့်မားမှုအခြေအနေဖြေရှင်းဖို့အစိုးရကလုပ်ဆောင်မယ့် တောမီးငြိမ်းသတ် ရေးအစီစဉ်တွေမရောက်ခင်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းသူ၊ ကျွန်းသားတွေဟာတောမီးတွေကိုကိုယ် တိုင်ငြိမ်းသတ်နေရတယ်လို့ AFP ကသတင်းဖော်ပြပါတယ်။တောမီးတွေဟာလူနေအရပ်တွေကိုပါကူးစက်လာ နိုင်တဲ့အတွက်ကျွန်းသူ၊ ကျွန်းသားတွေကအခုလိုရရာပစ္စည်းတွေနဲ့မီးငြိမ်းသတ်နေရတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။တစ်ချိန်တည်းမှာပဲ ဂျာကာတာအစိုးရဟာမီးခိုးမြူတွေလျော့သွားအောင်လုပ်ဖို့အားထုတ် မှုကောင်းကောင်းမလုပ်နိုင်တာကိုလည်းဒေသခံတွေက ဒေါသဖြစ်နေတယ်လို့သတင်းကဖော်ပြပါတယ်။စစ်သ င်္ဘောတွေကို ဘော်နီယိုကျွန်းမှာရှိတဲ့ ကာလီမန်တန်ဒေသကိုလွှတ်ထားပြီးဖြစ်ပေမယ့်ဒေသခံတွေကတော့ နေရပ်စွန့်ပြေးဖို့ငြင်းဆန်ထားပြီးသစ်သားချောင်းတွေ၊ ရေပုံးတွေနဲ့ မီးတောက်တွေကိုလျှော့နိုင်မယ့်အခြားသော မီးငြိမ်းသတ်စရာတွေကိုအသုံးပြီး မီးသတ်နေကြပါတယ်။


29 Oct 2015     1,318 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS