BEC-TERO TV

ဘတ်စ်ကားလိုင်း အများပိုင်ကုမ္ပဏီအစုရှယ်ယာများ နိုဝင်ဘာလ ၃ရက်စရောင်းမည်

02 Nov 2015     1,298 Views


ရန်ကုန်မြို့အတွင်းအမြန်စနစ်နဲ့ပြေးဆွဲသွားမယ့်အများပိုင်ကုမ္ပဏီယာဉ်လိုင်းအတွက်အစုရှယ်ယာများကိုလာမယ့်နိုဝင်ဘာလ ၃ရက်နေ့မှစတင်ပြီးအစုရှယ်ယာ(၅)သောင်းကိုရောင်းချတော့မယ်လို့အောက်တိုဘာလ(၃၀)ရက် နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာပြုလုပ်တဲ့ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်တဲ့ကုမ္ပဏီမိတ် ဆက်တဲ့အခမ်းအနားမှသိရပါတယ်။အစုရှယ်ယာတစ်ခုကိုငွေကျပ်(၁)သိန်းကျပ်နဲ့ရောင်းချမှာဖြစ်ပြီးမည့်သူမဆို ၀ယ်ယူနိုင်တယ်လို့သိရပါတယ်။အစုရှယ်ယာများကိုနိုဝင်ဘာ(၃)ရက်မှ ဇန်န၀ါရီလကုန်အထိရောင်းချသွားမှာဖြစ် ပြီးအများပိုင်ဘတ်စ်ကားအတွက် စက်တင်ဘာလက၀ယ်ယူထားတဲ့အဲကွန်းဘတ်စ်ကား(၆၅)စီးရောက်ရှိပါက ယခုနှစ်အတွင်းမှာဘဲစတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။


02 Nov 2015     1,298 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS