BEC-TERO TV

ဂျပန်ဝန်ကြီးချုပ်နဲ့ တောင်ကိုရီးယားသမ္မတတို့တွေဆုံဆွေးနွေး

03 Nov 2015     1,298 Views


၂၀၁၂ ခုနှစ်ကတည်းပထမဦးဆုံအကြိမ်အဖြစ်တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးနဲ့ဂျပန်ကြီးချုပ် “ရှင်ဇိုအာဘေး” တို့ဆိုးမြို့မှာတွေဆုံပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့တွေံဆုံဆွေးနွေးမှုဟာ(၂)နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။အခုတွေ့ဆုံပွဲဟာ နှစ်နိုင်ငံကြားကအတိတ်သမိုင်းကြောင်းကိုကုသဖို့အခွင့်လမ်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက်အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ သမ္မတ ပတ်ဂွန်ဟေးက ၀န်ကြီးချုပ် အာဘေးနဲ့တွေ့ဆုံချိန်မှာပြောကြားထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်သားတွေရဲ့လိင် ကျွန်ပြုခံရသူ တောင်ကိုရီးယားအမျိုးသမီးတွေအတွက် တာဝန်ယူနှစ်သိမ့်မှုအရေးဟာတောင်ကိုရီးယားသမ္မတ အတွက်ဦးစားပေးဖြစ်နေတာပါ။အနာဂတ်ဦးတည်တဲ့ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်နေလို့ဒီအရေးဟာ နောင်မျိုးဆက်တွေအတွက်အဟန့်အတားအဖြစ် မချန်ထားသင့်ဘူးဆိုတာကိုလည်းဆွေးနွေးခဲ့တယ်လို့ဝန်ကြီး ချုပ်အာဘေးကသတင်းထောက်တွေကိုပြောကြားထားပါတယ်။


03 Nov 2015     1,298 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS