BEC-TERO TV

မြန်မာ့မြေဈေး မြင့်နေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်နှီးမြှုပ်နှံမှုစိတ်ဝင်စားမှုအများဆုံးဟုစစ်တမ်းတစ်ခုထွက်လာ

04 Nov 2015     1,478 Views


မြန်မာနိုင်ငံရဲ့မြေဈေးနှုန်းဟာတစ်စရန်းမီတာမှာပျမ်းမျှ ကျပ် ၈သိန်းခွဲနှီးပါး(အမေရိကန် ၆၀၅ ဒေါ်လာ)အထိ ရောက်လာပေမယ့် ရေရှည်မျှော်လင့်ချက်တွေအရဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ရင်နှီးမြှုပ်နှံဈေးကွက် စိတ်ဝင်စားမှုအ ကောင်းဆုံးအဖြစ်ရှိနေတယ်လို့ အိမ်ခြံမြေ၀က်ဆိုက်ဒ်တစ်ခု ဖြစ်တဲ့ House.com.mm ကနိုဝင်ဘာ ၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံခြားပိတ်ဆို့မှုတွေဖြေလျှော့လာတဲ့ ၂၀၁၄ခုနှစ် ကနေ ၂နှစ်တာအတွင်းမှာဘဲနိုင်ငံ တကာရင်နှီးမြှုပ်နှံသူတွေ ၀င်ရောက်ဘာခြင်းဟာ မြန်မာ့မြေဈေးကို ပြန်လည်ဦးမော့စေခဲ့တယ်လို့ထုတ်ပြန်ချက်က သုံးသပ်ထားပါတယ်။စီးပွားရေးမျက်စေ့ကျစရာအဖြစ်ရှိတဲ့ အာရှတိုက်တွင်းက ၁၂ နိုင်ငံမှာပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်မှာတော့ မြေဈေးဟာ အမြင့်ပိုင်း ရှိနေပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်စတုရန်းမီတာ ၂၀၉ဒေါ်လာ၊ ပါကစ္စတန်မှာ ၂၅၈ဒေါ်လာနဲ့ အင်ဒိုနီးရှား မှာ ၂၅၉ဒေါ်လာရှိတယ်လို့ဖော်ပြထားပါတယ်။


04 Nov 2015     1,478 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS