BEC-TERO TV

လုံခြုံရေးကို စိုးရိမ်မှုရိမ်မှုရှိခဲ့သော်လည်း သာကေတမဲဆန္ဒနယ်ရွေးကောက်ပွဲနေ့အေးချမ်းစွာပြီးစီး

09 Nov 2015     1,283 Views


ရွေးကောက်ပွဲမတိုင်ခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မဲဆွယ်ချိန်မှာအကြမ်းဖက်မှုကြုံ့ခဲ့ရလို့စောင့်ကြည့်သူများပြားခဲ့တဲ့ သာကေတမဲဆန္ဒနယ်ကတော့ ရွေးကောက်ပွဲနေ့မှာအေးအေးချမ်းချမ်းပြီးစီးသွားပါတယ်။သာကေတ မှာမဲပေးနိုင်သူ မဲဆန္ဒရှင်စုစုပေါင်းတစ်သိန်းသုံသောင်းကျော်ရှိပြီးမဲလာပေးသူကတော့ ၈၀ ရာခိုင်နှုန်းဝန်းကျင်အ ထိရှိခဲ့ပါတယ်။နံနက် ၆ နာရီမှာသာမဲရုံဖွင့်လှစ်မှာဖြစ်သော်လည်း သာကေတမြို့နယ်ထဲကရပ်ကွက်တစ်ချို့ရဲ့ မဲရုံတွေရဲ့ရှေ့မှာ နံနက် ၅ နာရီထဲက ဆန္ဒမဲပေးဖို့လာရောက်စောင့်ဆိုင်းမှုတွေရှိနေခဲပါတယ်။ရန်ကုန်မြို့အရှေ့ ပိုင်းခရိုင်မှာ ပါဝင်တဲ့သာကေတမြို့နယ်မှာတော့ ရပ်ကွက် ၁၉ ရပ်ကွက်ရှိပြီးသာကေတမြို့နယ်အတွင်းမှာ မဲရုံပေါင်း ၂၂၅ ရုံရှိပါတယ်။


09 Nov 2015     1,283 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS