BEC-TERO TV

ဥရောပကို ရွှေ့ပြောင်းနေတထိုင်သူအယောက် ၃ သန်းနီးပါးလာမယ့် ၂ နှစ်အတွင်း ရောက်ရှိနိုင်

09 Nov 2015     1,285 Views


မြေထဲပင်လယ်ကိုဖြတ်ပြီးရောက်လာတဲ့ရွှေ့ပြောင်းနေထိုင်သူအရေအတွက်ကစံချိန်တင်မြင့်တက်နေလို့ ၂၀၁၇ ခုမှာဥရောပကိုရောက်လာနိုင်တဲ့ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၃ သန်းနီးပါးအထိရှိလာနိုင်တယ်လို့ ဥရောပကော်မရှင်ကပြောကြားလိုက်ပါတယ်။ဒီလိုတိုးတက်မှုဟာဥရောပရဲ့စီးပွားရေးတိုးတက်မှုအနည်းငယ်တော့ရှိလာနိုင်တယ်လို့ ဥရောပကော်မရှင်ကပြောပါတယ်။ရွှေ့ပြောင်းနေထိုင်သူအရေအတွက်မြင့်လာလို့ ဥရောပရဲ့လူဦးရေ(၀.၄)ရာခိုင်နှုန်းအထိရှိလာနိုင်ပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံရာမှာမအောင်မြင် သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒီအတောအတွင်းမှာပဲ ဥရောပကိုဝင်ရောက်ဖို့ကြိုးစားတဲ့ ဆီးရီးယားဒုက္ခသည်အရေအတွက်ဟာ လျော့သွားပုံမပေါ်ဘူးလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။


09 Nov 2015     1,285 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS