BEC-TERO TV

အနာဂါတ်ရွေးကောက်ပွဲတွေပိုမိုယုံကြည်စိတ်ချနိုင်စေရန်ကြိုတင်မဲကိုလည်း လေ့လာခွင့်ပေးသင့်ဟု ကာတာစင်တာပြောကြား

11 Nov 2015     1,280 Views


အနာဂတ်ရွေးကောက်ပွဲတွေမှာအခုထက်ပိုပြီးအငြင်းပွားမှုတွေကိုလျှော့ချနိုင်ပြီးယုံကြည်ခံရမှုအပြည့်ဝရရှိဖို့ ကြိုတင်မဲပေးခြင်းတွေပေါ်လေ့လာစောင့်ကြည့်ခွင့်ပေးသင့်တယ်လို့ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကာတာစင်တာရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အခုရွေးကောက်ပွဲအတွင်း ပြည်တွင်း ပြည်ပစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့တပ်မတော်၊ လုံခြုံရေးဆိုင်ရာဌာနတွေနဲ့အခြားဌာနဆိုင်ရာတွေ ရဲ့ကြိုတင်မဲပေးခြင်းတွေအပေါ်စောင့်ကြည့်လေ့လာခွင့်မရခဲ့ကြပါဘူး။ကာတာစင်တာက တာဝန်ရှိသူတစ်ဦးက တော့ ကြိုတင်မဲပေးခြင်းတွေပေါ်လေ့လာခွင့်ဟာအလေးပေးစဉ်းစားစရာတစ်ခုဖြစ်ပြီးမဲဆန္ဒနယ်တစ်ချို့ရဲ့ကြို တင်မဲတွေဟာအဆမတန်များပြားနေတာကိုလဲလေ့လာတွေ့ရှိခဲ့တာကြောင့် အနာဂတ်ရွေးကောက်ပွဲတွေမှာအ ငြင်းပွားမှုကင်းကင်းနဲ့ယုံကြည်မှုရှိဖို့အတွက်ကြိုတင်မဲပေးခြင်းတွေအပေါ်စောင့်ကြည့်လေ့လာခွင့်ပေးသင့်တယ်လို့ထောက်ပြခဲ့ပါတယ်။


11 Nov 2015     1,280 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS