BEC-TERO TV

တားမြစ်ဆေးသုံးစွဲမှုမှာ ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင့်ရေးအေဂျင်စီနဲ့ ရုရှားကပူးပေါင်းဆောင်ရွက်

11 Nov 2015     1,284 Views


ပြေးခုန်ပစ်က ကစားသမားတွေရဲ့ဆေးစစ်ချက်တွေမှာ ရုရှားကပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ပြောကြားချက်တွေရှိ လာပြီးနောက်မှာ ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင်ရေးအေဂျင်စီ(၀ါဒါ)နဲ့လက်တွဲပြီးနီးနီးကပ်ကပ်ဆောင်ရွက် သွားမယ့်လို့ ရုရှားအားကစားဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။(၀ါဒါ)ရဲ့လုပ်ဆောင်ချက်ဟာ ရုရှားနိုင်ငံလုပ် ဆောင်နေတဲ့တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင်ရေးစနစ်ကိုကောင်းမွန်ဖို့အထောက်အကူဖြစ်စေမယ့်ပပြင်(၀ါဒါ)ရဲ့အစီရင်ခံစာတွေ့ရှိချက်တွေကိုပညာတွေကလေ့လာနေပြီးလို့လည်း ၀န်ကြီးဌာနကပြောပါတယ်။ဒီတောအတွင်းမှာ ပဲဗြိတိန် ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအက်ဒ်ဝါနာကလည်း အိုလံပစ်မှာ ရုရှားအားကစားအဖွဲ့တွေမရှိသင့်လို့ ဘီဘီစီကိုပြော ထားပါတယ်။ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ လော့ကိုးကတော့ ရုရှားပြေးခုန်ပစ်အဖွဲ့ချုပ်အ နေနဲ့ အစီရင်ခံစာမှာပြောထားတဲ့အချက်တွေကို တစ်ပတ်အတွင်းပြန်ပြီးဖြေရှင်းပေးဖို့တောင်းဆိုထားပါတယ်။


11 Nov 2015     1,284 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS