BEC-TERO TV

ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့မဲပေးမှုကိုအတုယူသင့်တယ်လို့ထိုင်းဝန်ကြီးချုပ်ပြောကြား လိုက်

12 Nov 2015     1,279 Views


ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့မြန်မာ့ရွေးကောက်ပွဲမှာပါဝင်မဲပေးခဲ့တာကိုအတုယူသင့်တယ် လို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းကျင်းပနိုင်တာကိုချီးကျူးတယ်လို့ ၀န်ကြီးချုပ်က နိုဝင်ဘာလ(၁၀)ရက် မှာပြောကြားလိုက်ပါတယ်။ဒါ့ပြင်ရည်ရွယ်ချက်အတိုင်း အထမြောက်အောင်ပါဝင်မဲပေးခဲ့ကြတဲ့မြန်မာနိုင်ငံသား တွေကိုလည်းဂုဏ်ပြုကြောင်းကို အစိုးရအိမ်တော်မှာပြုလုပ်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးမှားအစည်းဝေးပွဲမှာဝန်ကြီး ချုပ် ပရာရွတ်ကပြောကြားထားတယ်လို့ ထိုင်းအစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ၀ီရချွန် ဆူခွန်တာပါတီပတ်က ပြောပါတယ်။ဒါ့ပြင် နိုဝင်ဘာလ(၈)ရက် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား (၈၀)ရာခိုင်နှုန်းနီးပါး ပါဝင်မဲပေးခဲ့ကြလို့ ဒီအချက်ကိုအိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံအနေနဲ့အတုယူသင့်တယ်လို့ လည်း ၀န်ကြီးချုပ်ကပြောပါတယ်။


12 Nov 2015     1,279 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS