BEC-TERO TV

ပထမဆုံး တေးအယ်လ်ဘမ်ထွက်မယ့် Psy

13 Nov 2015     1,295 Views


ပထမဆုံး တေးအယ်လ်ဘမ်ထွက်မယ့် Psy

                     တောင်ကိုရီးယားအဆိုတော် Psy သည် Gangnam Style သီချင်းထွက် ပြီးနောက် သုံးနှစ်ကျော်အကြာတွင် ပထမဆုံးတေးအယ်လ်ဘမ်ထွက်ရှိတော့မည်ဟု၎င်း၏ အေဂျင်စီ YG entertainment က နိုဝင်ဘာ ၃ ရက်တွင် ကြေညာသည်။ အဆိုတော် Psy သည် ၂၀၁၂ ကစ၍ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာ သည်။ Psy ၏ Gangnam Style တေးဂီတဗီဒီယိုသည် ယူကျု့ဘ်၌ ကြည့်ရှုသည့်အကြိမ်ရေ ၂ ဒသမ ၄ ဘီလီယံကျော်ရှိသော တစ်သက် တာကြည့်ရှုမှုအများဆုံး ဗီဒီယို အဖြစ်ရှိနေသည်။ Psy သည် Gangnam Style သီချင်းထွက်ပြီးနောက် ၂၀၁၃ တွင် Gentlemanသီချင်းနှင့် ၂၀၁၄ တွင် Hangoverသီချင်းတို့ထွက်ရှိခဲ့သော်လည်း ပရိသတ်အားပေးမှုနည်းခဲ့သည်။

                    အသက် (၃၇)နှစ် အရွယ်အဆိုတော်Psy သည် ဒီဇင်ဘာ ၁ ရက်တွင် တေးအယ်လ်ဘမ်သစ်ထွက်ရှိမည်ဟု YG Entertain-ment ကပြောကြားခဲ့သည်။ Psy သည် GangnamStyle သီချင်းဖြင့် ကမ္ဘာကျော် တစ်ဦးမဖြစ်လာမီ အညှီအဟောက်သီချင်းစာ သားများနှင့် ဆူဆူညံညံမြူးမြူးကြွကြွရှိသော ဖျော်ဖြေတင်ဆက်မှုများဖြင့် ကိုရီးယား၌ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်သည်။ Psy သည် Gangnam Styleနှင့်အောင်မြင်မှုရရှိပြီးနောက် ကမ္ဘာတစ်ဝန်းသို့သွားရောက်၍ ကမ္ဘာ့ခေါင်းဆောင်များမှသည် ထိပ်တန်းအားကစားသမားများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏တေး ဂီတအရည်အသွေးများပျောက် သွားခဲ့သည်ဟု ပရိသတ်အချို့က ခံစားရကြောင်းပြောသည်။

                      Psy ကလည်း ယင်းအောင်မြင်ကျော် ကြားမှုများကို ပင်ပန်းသည်ဟု ထုတ်ဖော်ပြောခဲ့သည်။ Psy သည် အယ်လ်ဘမ်သစ်အတွက် ပြင် ဆင်နေစဉ် ပြီးခဲ့သည့်နှစ်ကစ၍ မထင်မရှားဖြင့်သာ နေထိုင်ခဲ့ သည်။


13 Nov 2015     1,295 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment