BEC-TERO TV

ဂျပန်နိုင်ငံမှာသူနာပြုလိုအပ်ချက်များလာတဲ့အတွက်အတွက် အာဆီယံနိုင်ငံများမှာသူနာပြုများခေါ်ယူ

13 Nov 2015     1,294 Views


ဂျပန်နိုင်ငံမှာသက်ကြီးရွယ်အိုများပြားလာပြီးပြုစုစောက်ရှောက်ဖို့ သူနာပြုမလုံလောက်တဲ့အတွက် ဂျပန်နိုင်ငံ ပိုးစတား ဂိုက်ကိုး ဆားဗစ် ကနေအာဆီယံနိုင်ငံများမှသူနာပြုများခေါ်ယူလျက်ရှိသလိုမြန်မာနိုင်ငံမှသူနာပြုလုပ် လိုသူတွေကလည်းလာရောက်ခေါ်ယူတဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့က Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၅ခုနှစ်မှာ သက်ကြီးရွယ်အိုပိုမိုများပြားလာနိုင်တဲ့အတွက် သူနာပြုအယောက် ၄ သိန်းလိုအပ်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး နိုင်ငံအတွင်းမှာသူနာပြု မလုံလောက်တဲ့ အတွက် အာဆီယံနိုင်ငံတွေမှာပါ လိုက်လှံရှာဖွေနေတယ်လို့ပိုးစတား ဂိုက်ကိုး ဆားဗစ်မှတာဝန်ရှိသူတွေကပြော ပါတယ်။မြန်မာနိုင်ငံမှ သူနာပြုလုပ်လိုသူတွေအနေနဲ့ မြန်မာ ပိုးစတား ခရီးသွားလုပ်ငန်းမှာ စာရင်းပေးသွင်းပြီး မြန်မာနိုင်ငံမှာအလုပ်သင် ၆ လသင်ယူရမှာဖြစ်ကာ ဂျပန်နိုင်ငံမှာ ၂ လသင်ယူရမှာဖြစ်ပါတယ်။သင်တန်းကာလ အတွင်း သူနာပြုအတတ်ပညာအပြင် ဂျပန်စာကိုပါသင်ကြားရမယ်လို့သိရပါတယ်။


13 Nov 2015     1,294 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS