BEC-TERO TV

ထိန်းသိမ်းရှောက်ရတဲ့ လေလွင့်ခွေးအရေအတွက်များပြားလာမှုကြောင့် ခွေးဂေဟာအချို့အခက်အခဲရှိနေ

13 Nov 2015     1,267 Views


ခွေးချစ်သူအသင်းတွေအများအပြားပေါ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ခွေးလေခွေးလွင့်တွေကိုသားကြောဖြတ် ပေးခြင်းအပါဝင်ခွေးထိန်းသိမ်းစောင့်ရှောက်ရေး ရုံးတွေဖွင့်လှစ်လာကြပေမယ့်လည်း ခွေးအရေအတွက်များလာ နေမှုကြောင့် အခက်အခဲအချို့ရှိတယ်လို့ ခွေချစ်သူအသင်းတွေ အရေးပေါ်ကယ်ဆယ်တဲ့အသင်းဆီကသိရပါ တယ်။ရပ်ကွက်အတွင်းလမ်းအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ရှိနေတဲ့ခွေးတွေကို တိရစ္ဆာန် ချစ်သူတွေက အသင်းအဖွဲ့တွေဖွဲ့စည်းပြီးခွေးထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေဟာတွေမှာပို့ဆောင်စောင့်ရှောက် ကြပါတယ်။အဲ့ဒီအဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ EART အရေးပေါ်ကူညီရေးအဖွဲ့ကလည်း ပြည်သူတွေ၊ အဖွဲ့ဝင်တွေကြောင်းကြားလာတဲ့နေရာက ဒုက္ခရောက်နေတဲ့ခွေးတွေကိုသူတွေဖွင့်လှစ်ထားတဲ့ဂေဟာတွေမှာ တတ်နိုင်သလောက်ကူညီစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဒါပင်မဲ့သူတို့ဖွင့်လှစ်ထားတဲ့ ခြံတွေမှာကူညီ စောင့်ရှောက်နေရတဲ့ ခွေးကောင်ရေတစ်စထက်တစ်စများပြားလာတာနဲ့အမျှ နေ့စဉ်ကျွေးမွေးစရိတ်တွေ၊ ဆေးဝါး၊ မြေနေရာစတဲ့အထွေထွေစရိတ်တွေမြင့်တက်လာပြီးအဲ့ဒီအခက်အခဲတွေကို နေ့စဉ်ရင်ဆိုင်နေရတယ်လို့သိရှိရပါတယ်။


13 Nov 2015     1,267 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS