BEC-TERO TV

၎ နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရတဲ့ မီးလောင်မှုတစ်ခုဖြစ်ပွား

18 Nov 2015     1,285 Views


မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းထောင့်နဲ့ ဦးထွန်းငြိမ်းလမ်းထောင့်ရှိဆောက်လက်စတိုက်တစ်လုံးဖြစ်တဲ့ Diamond inya palace ကွန်ဒိုအထက် ၂၁ထပ်နဲ့ ၂၂ထပ်ကြားမှာ နံနက် ၂း၃၀ ခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီမီးလောင်ကျွမ်းမှုကိုတော့ မီးစတင်လောင်ကျွမ်းချိန်ကစပြီး (၄)နာရီကျော်ကြာ မနက်(၆)နာရီ (၅၀)မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ကွန်ဒိုရဲ့ ၂၁ထပ်နဲ့ ၂၂ထပ်ကြားရှိ ဆလိုက်မီးသစ်သားငြမ်းပေါ်ပြုတ်ကျပြီး မီးပွားများ ထွက်ကာ ၀ါယာရှော့ဖြစ်ရာမှစတင်လောင်ကျွမ်းခဲ့တာပါ။မီးလောင်ကျွမ်းမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးအထက်သားပြားများနဲ့သစ်သားမှား မီးလောင်ကျွမ်းခဲ့ပြီးတန်ဖိုးငွေကျပ် (၄၁)သိန်းဖိုးခန့်ဆုံးရှုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိသူမရှိဘူးလို့မီးသတ်ဦးစီးဌာနရဲ့စာရင်းများအရသိရပါတယ်။မီးလောင်ကျွမ်းမှုကိုတော့ မြို့နယ်ပေါင်း စုံကမီးသတ်ကား ၄၅စီး၊ အထောက်အကူပြုယာဉ်(၇)စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှုနဲ့ပတ်သက်လို့ ကွန်ဒိုကြီးကြပ်ရေးမှူးကိုမရမ်းကုန်းမြို့နယ်ရဲစခန်းက(ပ)၅၄၈။ ၂၀၁၅။ ပုဒ်မ ၂၈၅နဲ့အရေးယူထားတယ်လို့သိရပါ တယ်။


18 Nov 2015     1,285 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS