BEC-TERO TV

မန္တလေးရှိ စည်းကမ်းပျက်ယာဉ်များ ပညာပေးအစီစဉ်ပြည့်လို့ ဒဏ်ငွေရိုက်ပြီးစတင်ဖမ်းဆီး

19 Nov 2015     1,263 Views


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးမှုတွေကို ပညာပေးအစီစဉ် တစ်လခွဲပြုလုပ်အပြီးမှာတော့ နိုဝင်ဘာလ ၁၇ရက်ကတည်းကစပြီး မန္တလေးတိုင်းဒေသကြီး ၇ မြို့နယ်အတွင်း မှာရှိတဲ့ စည်းကမ်းပျက်ယာဉ်တွေကို စတင်ဖမ်းဆီအရေးယူနေပါတယ်။မော်တော်ယာဉ်ဥပဒေအရ ဖမ်းဆီးတာဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ရင် အနိမ့်ဆုံးဒဏ်ငွေ ကျပ်သုံးသောင်းကနေ အမြင့်ဆုံးသိန်း ၅၀ ထိပေးဆောင်ရနိုင် သလိုထောင်ဒဏ်တစ်လ ကနေ ၆လ အထိကျနိုင်တယ်လို့သိရပါတယ်။ဒါဟာတနိုင်ငံလုံးအတိုင်းတာအထိ စတင်ဆောင်ရွက်နေပြီဖြစ်ပြီးဒီစနစ်အသစ်မှာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရွက်ဖို့နဲ့ ပြည်သူများနဲ့ တာဝန်ကျယာဉ်ထိန်းရဲများရဲ့ လုံခြုံရေးတွေအတွက်ပါအဖွဲ့တစ်ဖွဲ့ကို ဌာနဆိုင်ရာအဖွဲ့ ၇ဖွဲ့ပါဝင်ပြီးအဖွဲ့ဝင်အယောက် ၂၀ နဲ့ဖမ်းဆီးစစ်ဆေးနေတာလို့သိရပါတယ်။


19 Nov 2015     1,263 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS