BEC-TERO TV

ရုရှားခရီးသည်တင်လေယာဉ်ဟာ ဗုံးကြောင့်ပျက်ကျတာဖြစ်တယ်လို့ရုရှားကအတည်ပြုလိုက်

19 Nov 2015     1,283 Views


အီဂျစ်နိုင်ငံအတွင်းမှာပျံသန်းနေတဲ့ရုရှားခရီးသည်လေယာဉ်ဟာ ဗုံးနဲ့တိုက်ခိုက်ခံရလို့ပျက်ကျတာဖြစ်တယ်ဆိုကို မော်စကိုက တည်ပြုနိုင်ပြီးဖြစ်လို့ အကြမ်းဖက်အဖွဲ့တွေကိုတိုးမြှင့်နှိမ်နင်းသွားမယ်လို့ ရုရှားသမ္မတ “ဗလာဒီမီယာပူတင်”က နိုဝင်ဘာလ(၁၇)ရက်မှာပြောကြားလိုက်ပါတယ်။ရုရှားလေကြောင်းလိုင်းလေယာဉ်ဟာ အီဂျစ်နိုင်ငံအတွင်းဆင်နိုင်းကျွန်းဆွယ်မှာပျက်ကျခဲ့လို့ခရီးသည် ၂၂၄ ဦးသေဆုံးခဲ့တာပါ။ဒီတိုက်ခိုက်မှုအတွက် ဆီးရီးယားမှာလုပ်ဆောင်နေတဲ့မော်စကိုရဲ့လေကြောင်းတိုက်ခိုက်တာတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး လေယာဉ်ကိုဘယ်သူပျက်ကျတယ်ဆိုတာကို အတည်ပြုပေးနိုင်မယ့်သတင်းအချက်အလက်ပေးနိုင်သူကို ဆုကြေးအမေရိကန်ဒေါ်လာသန်း ၅၀ ပေးအပ်သွားမယ်လို့ရုရှားအစိုးရအဖွဲ့ကကြေညာထားလို့ ဘယ်သူလုပ် တယ်ဆိုတာမျိုးကို စွပ်စွဲသွားတော့မှာမဟုတ်လို့သိရပါတယ်။ရုရှားနိုင်ငံဟာ အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ရတာ ဟာဒီတစ်ကြိမ်က ပထမဦးဆုံးမဟုတ်တော့ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သူရဲ့လုံခြုံရေးအရာရှိ တွေနဲ့ တွေ့ဆုံချိန်မှာပြောကြားထားပါတယ်။


19 Nov 2015     1,283 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS