BEC-TERO TV

ဗာတီကန်၊ ရောမနဲ့ မီလန်တို့မှာ ဗုံးလန့်မှုဖြစ်ပွားပြီး လုံခြုံရေးတိုးမြှင့်ထား

20 Nov 2015     1,271 Views


အီတလီ အာဏာပိုင်တွေဟာ ဗာတီကန်၊ ရောမနဲ့ မီလန်တို့မှာရှိတဲ့ သမိုင်းဝင်အထိမ်းအမှတ်နေရာတွေမှာ လုံခြုံရေးတွေတိုးမြှင့်ထားလိုက်ပြီဖြစ်ပါတယ်။ဘာသာရေးအစွန်းရောက်တွေကတိုက်ခိုက်နိုင်တယ်ဆိုတဲ့သတိ ပေးချက်တွေကို အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)ထုတ်ပြန်ပြီးနောက်မှာ အခုလို လုံခြုံရေးတိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။စိန့်ပီတာ ရင်ပြင်၊မီလန် က ဒူအိုမို ဘုရားကျောင်းနဲ့ နာမည်ကျော် “စကာလာ အော်ပရာ” ရုံတွေဟာလည်း တိုက်ခိုက်မှုရဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ FBI ကပြောပါတယ်။အဲ့ဒီနေ ရာတွေကို အီတလီကအန္တရာယ်ရှိတဲ့ လူပုဂ္ဂိုလ်(၅)ဦးက တိုက်ခိုက်နိုင်တယ်လို့ FBI ပြောထားတယ်လို့လည်း မီဒီယာတွေက သတင်းဖော်ပြပါတယ်။ဘယ်လိုတိုက်ခိုက်နိုင်တယ်ဆိုတဲ့တိကျတဲ့အချက်အလက်အသေးစိတ်ကို တော့ FBI ကပြောကြားထားခြင်းမရှိဘူးလို့လည်းသတင်းတင်ပြကြပါတယ်။ပဲရစ် တိုက်ခိုက်မှုတွေ ဖြစ်ကတည်းက အီတလီဟာအဲ့ဒီနေရာတွေမှာ လုံခြုံရေးတွေတိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။


20 Nov 2015     1,271 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS