BEC-TERO TV

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ၀န်ကြီးဌာန ၆ ခုမှစီမံကိန်း ၈၄ ခုသတ်မှတ်ချိန်အတွင်းပြီးစီးခဲ့ခြင်းမရှိဟု အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား

20 Nov 2015     1,318 Views


၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်း စီမံကိန်းတွေအနက် ၀န်ကြီးဌာန ၆ ခုကတာဝန်ယူလုပ်ကိုင်ရမယ့် စီမံကိန်း ၈၄ ခုသတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ခြင်းမရှိဘူးလို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြည်သူ့လွှတ် တော်အတွင်းပြောကြားခဲ့ပါတယ်။နိုဝင်ဘာ ၁၉ ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးအတွင်း ရွှေပြည်သာ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ၂၀၁၄-၁၅ ဘာဏ္ဍာနှစ်အတွင်း မပြီးစီးခဲ့တဲ့ လုပ်ငန်းစီမံကိန်းတွေ နဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်း ဘယ်လိုအရေးယူမှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သတ်ပြီး မေးခွန်းမေးမြန်းခဲ့တာကို ဒေါ်လဲ့လဲ့သိန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ဝန်ကြီးဌာနတွေအနေနဲ့ ဘဏ္ဍာနှစ်အတွင်းမှာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းပမာဏနဲ့ လုပ်ငန်းအရေအတွက် ကိုသာ ခွင့်ပြုရန်ပုံငွေတောင်းခံရမှာဖြစ်ပြီး သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်ပေ မယ့် ၀န်ကြီးဌာန ၆ ခုကတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စီမံကိန်း ၈၄ ခုကို ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ဒေါ်လဲ့လဲ့သိန်းကပြောပါတယ်။


20 Nov 2015     1,318 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS