BEC-TERO TV

ရွှေတိဂုံစေတီတော်မှာကပ်လှူမယ့်ရွှေပြားသင်္ကန်းများအားလှည့်လည်အပူဇော်ခံ

23 Nov 2015     1,288 Views


ရွှေတိဂုံစေတီတော်မှာကပ်လှူမယ့်ရွှေပြားသင်္ကန်းတွေကို နိုဝင်ဘာ(၂၂)ရက်က စတင်ပြီး ရန်ကုန်မြို့အတွင်း လှည့်လည်အပူဇော်ခံနေပြီလို့သိရပါတယ်။စေတနာသမ္ဘာရ၀တ်အသင်းနဲ့စေတနာရှင်တွေစုပေါင်းလှူဒါန်းထားတဲ့ ရွှေသင်္ကန်းပြား ၆၁ပြားကို စမ်းချောင်းမြို့အတွင်းလှည့်လည်ပူဇော်ခံပြီးဒီနေ့ နိုဝင်ဘာ ၂၃ရက်နေ့မှာတော့ ကြည့်မြင်တိုင် မြို့မှာလှည့်လည်ပူဇော်ခံသွားမယ်လို့သိရပါတယ်။အခုလှူဒါန်းမယ့် ရွှေသင်္ကန်းတစ်ချပ်ဟာ ငွေကျပ်(၁၈)သိန်း(၆)သောင်းတန်းဖိုးရှိပြီးရွှေသင်္ကန်း ၆၁ချပ်အတွက် တန်းဖိုးငွေကျပ်သိန်း ထောင့်တစ်ရာကျော် ရှိတယ်လို့သိရပါတယ်။ရွှေတိဂုံစေတီရဲ့ ရွှေသင်္ကန်းများကို(၄)နှစ်တကြိမ်လဲလှယ်ကပ်လှူလေ့ရှိပြီး အလှူရှင်များအနေနဲ့ စေတနာသမ္ဘာရ၀တ် အသင်းနဲ့ဆက်သွယ်လှူဒါန်းနိုင်သလိုရွှေတိဂုံစေတီတော် ဂေါပကရုံးမှာလည်းသွားရောက်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။


23 Nov 2015     1,288 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS