BEC-TERO TV

ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူရာဂဏန်း ၀န်းကျင်အထိမြင့်တက်လာပြီးအသက်ရှင်ကျန်ရစ်သူတစ်ဦးကို ကယ်ဆယ်ထားနိုင်

23 Nov 2015     1,282 Views


ဖားကန့်မြို့စွန့်က ဆွတ်ဆောင်ရွာအနီး စွန့်ပစ်မြေစာပုံပြိုကျမှုမှာ သေဆုံးသူအရေအတွက် ရာဂဏန်းနီးပါးအထိ မြင့်တက်လာပေမယ့် နိုဝင်ဘာလ (၂၂)ရက်နေ့မှာတော့ အသက်ရှင်သူတစ်ဦးရှာဖွေတွေ့ရှိတာကြောင့် ရှာဖွေမှု တွေတိုးမြှင့်လာတယ်လိုသိရပါတယ်။တစ်သုံးလုံးကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ နိုဝင်ဘာ(၂၁)ရက်မနက်(၄)နာရီဝန်းကျင်က ဆွတ်ဆောင်ရွာအနီး ရေမဆေးကျောက် ရှာဖွေနေထိုင်သူတွေရဲ့နေအိမ်ပေါ် ပြိုကျခဲ့တာပါ။ပြိုကျခဲ့တဲ့အချိန်က ညပိုင်းလူတွေအိပ်နေတဲ့အချိန်ဖြစ်တဲ့အ တွက်ရေးမဆေးကျောက်ရှာနေသူတွေဟာထွက်ပြေးချိန်မရခဲ့ပဲအခုလိုသေးဆုံးသူအရေအတွက်ကလည်းမြှင့်တက်ခဲ့တာဖြစ်ပါတယ်။အခုပြိုကျတဲ့မြေစာပုံအနီးမှာ ဖားကန့်ကိုရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအများစု နေထိုင်ကြပြီး မြေစာပုံအောက်ကိုတော့ လူ ၂၀၀ ကျော်နေထိုင်နေတဲ့ တဲအိမ်ပေါင်း ၇၀ ၀န်းကျင်နစ်မြုပ်သွားပါတယ်။


23 Nov 2015     1,282 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS