BEC-TERO TV

ရှမ်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့မှုအမြန်ဆုံး လုပ်ပေးရန်အဆို မှတ်တမ်းအဖြစ်သာတင်

24 Nov 2015     1,267 Views


ရှမ်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့မှုအမြန်ဆုံး လုပ်ပေးဖို့ပြည်သူ့လွှတ်တော်ကတော့ ဒီအဆိုကိုမှတ်တမ်းတင်ဖို့ပဲဆုံဖြတ်လိုက်ပါတယ်။ရှမ်းပြည်နယ်အတွင်းဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့်လူမှု ဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့စစ်ဘေးရှောင်ပြည်သူတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ ထောက်ပံ့မှုတွေ အမြန်ဆုံးပြုလုပ်ပေးဖို့အတွက်အရေးကြီးအဆိုတစ်ရပ်ကို ကျေးသီးမဲဆန္ဒနယ်က ဦးစိုင်းအွန်ဆိုင်မိုင်းကမနေ့က နိုဝင်ဘာ ၂၃ ရက်နေ့လွှတ်တော်အဆိုတင်သွင်းလိုက်တာပါ။စစ်ဘေးရှောင်ပြည်သူတွေဟာအသက်ဘေး အန္တရာယ်တွေနဲ့ရင်ဆိုင်နေရသလိုကျန်းမာရေးစောင့်ရှောက်မှုမရှိသလို၊ ပညာရေးသင်ကြားခွင့်ဆုံးရှုံးခြင်း၊ တရားသဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်း၊ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရေရှည်ဝမ်းစာ ဖူလုံရေးအတွက်စစ်ဘေးရှောင်ပြည်သူတွေကို ပြည်ထောင်စုအစိုး အနေနဲ့အမြန်ဆုံးတာဝန်ယူဆောင်ရွက်ပေးဖို့ လိုပါတယ်လို့လည်း ဦးစိုင်းအွန်ဆိုင်မိုင်းက ပြောပါတယ်။


24 Nov 2015     1,267 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS