BEC-TERO TV

ဘင်္ဂါလီများကို ဥပဒေနဲ့မညီပဲ နိုင်ငံသားဖြစ်ခွင့်ပေးနေသည်ဆိုသည့် သတင်းလ၀ကငြင်းဆို

25 Nov 2015     1,278 Views


နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို သပဓေနဲပအညီ သေချာစွာဆောင်ရွက်နေပြီးဘင်္ဂါလီ တွေကို ဥပဒေနဲ့ မညီပဲနိုင်ငံသားဖြစ်ခွင့်ပေးနေတယ်ဆိုတာက ဒေသခံပြည်သူတွေရဲ့အထင်အမြင်လွဲမှာခြင်းသာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဝန်ကြီးဌာန ရဲ့ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က နိုဝင်ဘာ ၂၄ ပြည်သူ့လွှတ်တော်အတွင်းပြောပါတယ်။ဘင်္ဂါလီတွေအပေါ် နိုင်ငံသားစိစစ်မှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေ ရဲ့ ဥပဒေအယူအဆတွေနဲ့ ကန့်ကွက်တင်ပြမှုတွေဟာတည်ဆဲဥပဒေကို သေချာစွာနားမလည်လို့ ဖြစ်ပြီးအတင်းအကြပ်ဆောင်ရွက်နေတယ်ဆိုခြင်းဟာ အထင်အမြင်လွဲမှားမှုတွေသာဖြစ်တယ်လို့ ဒုဝန်ကြီးကပြောပါတယ်။


25 Nov 2015     1,278 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS