BEC-TERO TV

ပြည်တွင်းမှာပထမဆုံး Pizza Hut ဆိုင်ဖွင့်လှစ်

30 Nov 2015     1,291 Views


Pizza Hut Myanmar ၊City Mart Holding Co.,Ltd နှင့် Jarding “ဂျာဒိုင်း” Restauran Group Myanmar တို့ပူးပေါင်းဖွင့်လှစ်တဲ့ Pizza Hut “ဟတ်” ဆိုင်ကို Market Place မှာဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။အဆိုပါ Pizza Hut ဆိုင်မှာ Pan Pizza ၊Stuffed Pizza နဲ့ Supreme Pizza များနဲ့ထမင်းဟင်းလျာများကို ရောင်းချပေးသွား မှာဖြစ်ပြီး ဈေးနှုန်းများအနေနဲ့လည်း မြန်မာကျပ်ငွေ(၂၀၀၀) မှ(၁၈၀၀၀)ကျပ်အထိရှိတယ်လို့သိရပါတယ်။Pizza Hut ဟာ ပြည်ပနိုင်ငံပေါင်း(၉၀)မှာဆိုင်ခွဲပေါင်း(၁၆၀၀၀)ခန့်ဖွင့်လှစ်ထားပြီးယခု ပြည်တွင်းမှာ ပထမဆုံးဆိုင်အ ဖြစ် ဖွင့်လှစ်တာဖြစ်ပါတယ်။Pizza Hut ကိုစားသုံးသူတွေအနေနဲ့လက်ရှိမှာအိမ်တိုင်ရာရောက်ပို့ဆောင်ပေးမယ့် စနစ်မရှိသေးဘဲ လက်ရှိပြည်တွင်းမှာတစ်ဆိုင်သာဖွင့်လှစ်ထားပေမယ့်နောက်ပိုင်းမှာ ဆိုင်ခွဲပေါင်း(၂)အထိ တိုးချဲ့သွားဖို့ရှိတယ်လို့သိရပါတယ်။


30 Nov 2015     1,291 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS