ကလေးစစ်သား ၅၃ ဦးကိုတပ်မတော်မှထပ်မံနုတ်ထွက်ခွင့်ပြု
02 Dec 2015 1,473 Views

အရွယ်မတိုင်မှီစစ်မှုထမ်းဆောင်နေတဲ့ ကလေးသူငယ်နဲ့ လူငယ်(၅၃)ဦးကို ဒီကနေ့အောက်တိုဘာလ ၃၀ ရက်နေ့မှာပဲ တပ်မတော်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ယူနီဆက်(မြန်မာ)ကထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ နဲ့အတူပူတွဲလုပ်ဆောင်ရွက်မှုစီမံချက်ကို ၂၀၁၂ ခုနှစ်ဇွန်လမှာ စတင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အောက်ကလေးစစ်သားတွေကို တပ်မတော်ကနေနှုတ် ထွက်ခွင့်ပေးခဲ့တာဖြစ်တယ်၊အခုတစ်ကြိမ်အပါဝင်ဆို ၂၀၁၅ခုနှစ်ထဲမှာကလေးသူငယ်စစ်သားပေါင်း ၁၄၆ဦးအထိခွင့်ပြုပေးခဲ့ပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံအလိုက်အထူးတာဝန်အဖွဲ့(CTFMR)ပူးတွဲ ဥက္ကဌက “ဒီနေ့လို ကလေးစစ်သားတွေကိုနုတ်ထွက်ခွင့်ပြုတာကို ကြိုဆိုကြောင်းနဲ့ကလေးသူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာခေါ်ယူအသုံးပြုမှုကိုအဆုံးသတ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ကြိုပမ်းအားထုတ်မှုရလဒ်တစ်ခုဖြစ်တယ်” လို့လည်းပြောဆိုခဲ့ပါတယ်။