ကြက်သွန်နီဈေးမြင့်တက်မှု ကျဆင်းခြင်းမရှိဘဲလက်လီလက်ကားဈေးကွက်အတွင်းဈေးနှုန်းကွာဟလျက်ရှိ
04 Dec 2015 1,655 Views

အိမ်ရှင်မတွေအတွက် အခြေခံစားသောက်ကုန်တစ်ခုဖြစ်တဲ့ ကြက်သွန်နီဈေးကွက်မြင့်တက်မှုဟာ ပြန်လည်ကျဆင်းမရှိဘဲ လက်လီလက်ကားဈေးကွက်တွေမှာလည်း ဈေးနှုန်းကွာဟမှုတွေရှိနေတယ်လို့ ကြက်သွန်နီလက်ကားဈေးကွက် အများဆုံးရောင်းချနေတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ကြက်သွန်ပွဲရုံ အချို့ကနေသိရပါတယ်။မတ်၊ ဧပြီ၊ မေလတွေမှာ ထွက်ခဲ့တဲ့ ဆောင်းကြက်သွန်တွေဟာမိုးမိတဲ့ ဒဏ်အများဆုံးခံလိုက်ရတဲ့ အတွက်ပျက်စီးမှုနှုန်းများခဲ့ပြီး တောင်သူတွေနဲ့ကုန်သည်တွေအနေနဲ့ သိုလောင်နိုင် တဲ့ ပမဏနည်းသွားခဲ့တဲ့အပြင်ရေကြီးမှုဖြစ်ခဲ့တာဟာလည်း ကြက်သွန် လက်ကျန်နည်းစေဖို့အတွက် အဓိကအေကြောင်းအရင်းဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ကြက်သွန်ပွဲရုံအချို့ကပြောပါတယ်။ လက်ရှိ ကြက်သွန်ဈေးနှုန်းဟာ လက်ကားဆိုင်တွေမှာ တစ်ပိသာကိုပျမ်းမျှ(၂၀၀၀)ကနေ(၃၀၀၀)ကြား အရောင်းအ၀ယ်ဖြစ်နေပေမယ့် လက်လီဆိုင်တွေမှာတော့ တစ်ပိသာကို ၅၀၀၀ ၀န်းကျင်ရောင်းချမှုတွေရှိနေ တယ်လို့သိရပါတယ်။







