BEC-TERO TV

ပရီးမီးယားလိဂ် Own Goal အများဆုံးသွင်းသူစာရင်းတွင်း ကာရေကာနှင့် တူညီသွားသည့် စကာတယ်

08 Dec 2015     1,429 Views


          Liverpool နောက်ခံကစားသမား စကာတယ်ဟာ ယခုတစ်ပတ် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ Own Goal သွင်းယူခဲ့ပြီး Premier League ရဲ့ Own Goal အများဆုံးသွင်းယူသူစာရင်းမှာ Liverpool ဂန္တ၀င်ကစားသမား ကာရေကာ စံချိန်ကိုလိုက်မီခဲ့တယ်လို့ သိရပါတယ်

          စကာတယ်ဟာ နယူးကာဆယ်အသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘယ်ကစားသများ ရဲ့ ကန်ချက်ကိုတားဆီးရာမှ သူ့ရဲ့ခြေထောက်နဲ့ထိပြီး ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ Liverpool အသင်းကတော့ New Castle အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ တချိန်က Liverpool အသင်းမှာ ကစားသမားဘ၀တစ်လျောက်ကစားခဲ့တဲ့ နောက်ခံကစားသမား ကာရေကာလည်း Own Goal ၇ ဂိုးနဲ့ Premier League ရဲ့ Own Goal အများဆုံးသွင်းယူသူများစာရင်းမှာ အဆင့် (၂) အဖြစ်ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ စကာတယ်က ကာရေကာနည်းတူ အဆင့် (၂)နေရာကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ Premier League ရဲ့ Own Goal အများဆုံးသွင်းယူသူကတော့ Man City, Aston Villa တို့နဲ့ နောက်ခံကစားသမားဟောင်း ရစ်ချက်ဒန်းဖြစ်ပြီး (၁၀)ဂိုးနဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ သူတို့ရဲ့နောက်မှာတော့ ဆန်းဒါးလန်း နောက်ခံကစားသမား ၀က်ဘရောင်း၊ အဲဗာတန်နောက်ခံကစားသမား၊ ဂျာဂျီရယ်ကာတို့က (၆)ဂိုးစီနဲ့ရပ်တည်နေကြပြီး နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဖာဒီနန်၊ အိုရှေးလ်၊ ဇက်နိုက်၊ ဖီးနဗီးလ် တို့က (၅)ဂိုးစီသွင်းယူထားတာဖြစ်ပါတယ်။ စကာတယ်ကတော့ ယခင်က ကာရေကာနဲ့ ကာလရှည်တွဲကစားခဲ့သူဖြစ်ပြီး ကာရေကာ အနားယူသွားချိန်မှ ဆာခို၊ လိုဗရန်တို့နဲ့ တွဲကစားနေသူဖြစ်ပါတယ်။ 


08 Dec 2015     1,429 Views




RELATED

Most Popular of Football

Most Popular of Sport