BEC-TERO TV

ချစ်သူသစ်တွေ့သွားတဲ့ Hwang Jung Eum

17 Dec 2015     1,323 Views


ချစ်သူသစ်တွေ့သွားတဲ့ Hwang Jung Eum

                       တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးhwang jung Eum က ကြေးစားဂေါက်ရိုက်သမား၊ စီးပွားရေးလုပ်ငန်းရှင် Lee Young Don နှင့် ချစ်ကြိုက်နေသည်ဟု အတည်ပြုခဲ့သည်။ ၎င်းတို့နှစ်ဦး ချိန်းတွေ့နေစဉ် ပါပါရာဇီတို့က ဓာတ်ပုံများရိုက်ယူပြီးနောက် ယင်းသို့ အတည်ပြုချက်ထွက်လာခြင်းဖြစ် သည်။ အသက် (၃၀)နှစ်အရွယ် hwang jung Eum နှင့် အသက်(၃၄)နှစ်အရွယ်ရှိ Lee Young Don တို့ကို ဒီဇင်ဘာလဆန်းတွင် ဆိုးလ်မြို့၌ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။

                        ကေဒရာမာကြယ်ပွင့် ဟွမ်းဂျောင်အွန်းနှင့် Lee Young Don တို့ချစ်နေသည်မှာ မကြာသေးကြောင်းနှင့် ပရိသတ်များအနေဖြင့်သရုပ်ဆောင်မင်းသမီး hwang jung Eum အား ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း ၎င်း၏အေဂျင်စီက ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။ hwang jung Eum သည် ၎င်း နှင့် ကိုးနှစ်တာချစ်ကြိုက်ခဲ့သော အဆိုတော် ကင်ယောင်ဂျွန်းနှင့် ပြီးခဲ့သည့်မေလတွင်လမ်းခွဲခဲ့ သည်။ hwang jung Eum သည် ပြီးခဲ့သည့်နိုဝင်ဘာ ၁၁ ရက်တွင် ဇာတ်သိမ်းခဲ့သော She Was Pretty ဒရာမာဇာတ်လမ်းတွဲဖြင့် ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ရရှိထားသည်။


17 Dec 2015     1,323 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment