BEC-TERO TV

ဖေဖော်ဝါရီမှာ လက်ထပ်မယ့် Hwang Jung Eum

12 Jan 2016     1,310 Views


ဖေဖော်ဝါရီမှာ လက်ထပ်မယ့် Hwang Jung Eum

                          သရုပ်ဆောင်မင်းသမီး Hwang Jung Eum သည် ချစ်သူ ကြေးစား ဂေါက်ရိုက်သမား၊ စီးပွားရေးလုပ်ငန်းရှင် Lee Young Don နှင့် လာမည့်ဖေဖော်ဝါရီတွင် လက်ထပ်တော့မည်ဟု၎င်း၏ အေဂျင်စီ C-Jes Entertain- ment က ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့ပါသည်။ Hwang Jung Eum တို့စုံတွဲ သည် မိတ်ဆွေတစ်ဦး၏ မိတ် ဆက်ပေးမှုမှတစ်ဆင့် ရင်းနှီးခဲ့ပြီး ချစ်သူများ ဖြစ်လာကြကြောင်းနှင့် Hwang Jung Eum သည် ပြီးခဲ့သည့် နှစ်အတွင်း အနုပညာလှုပ်ရှားမှု များနှင့် အလွန်အလုပ်များနေစဉ် ချစ်သူ၏ ရိုးသားမှုနှင့် ယုံကြည်မှု တို့ကြောင့် ကျေနပ်ပီတိဖြစ်ခဲ့ရ ကြောင်း အေဂျင်စီကပြောသည်။

                           ချစ်သူသက်တမ်း ခြောက်လ ခန့်အကြာတွင် လက်ထပ်ရန် ဆုံး ဖြတ်ရခြင်း အကြောင်းကိုအေဂျင် စီက ယခုကဲ့သို့ရှင်းပြသည်။ ‘‘သူတို့နှစ်ယောက် ချစ်ကြိုက်နေ တဲ့သတင်း လူသိရှင်ကြားဖြစ်ပြီး တဲ့နောက် နှစ်ဖက်မိသားစုက သူတို့စုံတွဲကို မြန်မြန်လက်ထပ်ဖို့ အကြံပြုခဲ့ပြီး သူတို့တွေကလည်းလက်ခံခဲ့ပါတယ်’’ဟု အေဂျင်စီက ပြောသည်။

                           Hwang Jung Eum သည် အိမ်ထောင်ပြုပြီးနောက် တွင်လည်း အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု အေဂျင်စီက ပြောကြားသည်။ ကေဒရာမာစတား Hwang Jung Eum သည် ၂၀၁၅ တွင် MBC ရုပ်သံလိုင်း၏ Kill Me, Heal Me နှင့် She Was Pretty ဒရာမာဇာတ်လမ်းတွဲများဖြင့် ပရိ သတ်၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပြီး ၂၀၁၅ ၏ ထိပ်တန်း သရုပ်ဆောင်မင်းသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အသက် (၃၀)အရွယ်ရှိ Hwang Jung Eum နှင့် Lee Young Don တို့ ချစ်ကြိုက်နေ ကြောင်း ပြီးခဲ့သည့်ဒီဇင်ဘာ ၈ ရက်က အတည်ပြုခဲ့ခြင်းဖြစ် သည်။


12 Jan 2016     1,310 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment