BEC-TERO TV

မျက်ကွင်းညို ခြင်း ကင်းဝေးရန် သဘာဝဆေးနည်း

22 Jan 2016     1,436 Views


မျက်ကွင်းညို ခြင်းကလည်း မိန်းကလေးတွေမျက်နှာအလှကို ထိခိုက်စေတဲ့ အကြောင်းအရင်း တစ်ခုထဲမှာအပါအ၀င်ဖြစ်ပါတယ်။ မျက်ကွင်းညို ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသလို၊ အိပ်ရေးမ၀သလို၊ လန်းဆန်းမှုမရှိသလို ထင်မြင်ရစေနိုင်ပါတယ်။ မျက်ကွင်းညိုခြင်းကို ဖုံးကွယ်ဖို့အတွက် conceler တွေ၊ eye cream တွေအသုံးပြုနိုင်ပေမဲ့ သဘာဝနည်းလမ်းလေးနဲ့ ပျောက်ကင်းစေမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

မျက်ကွင်းညို ခြင်းကို ပျောက်ကင်းစေမဲ့ သဘာဝနည်းလမ်းမှာပါဝင်တဲ့ အဓိကဇာတ်ဆောင်တွေကတော့ သခွားသီးနဲ့ သံပုရာသီးတို့ပဲဖြစ်ပါတယ်။ သခွားသီးအရည် ( သခွားသီးကိုအခွံခွာ၊ ကြိတ်စက်နဲ့ကြိတ်၊ အနှစ်တွေဖယ်ကာ အရည်ညှစ်ယူပါ။) နဲ့ သံပုရာရည်တို့ကို အချိုးကျပေါင်းစပ်ကာ မျက်ကွင်းညိုနေတဲ့တစ်ဝိုက်ကို ဂွမ်းလေးနဲ့သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ၁၅မိနစ်ပြည့်ပါက ရေနဲ့ဆေးပေးပါ။ တစ်ပတ်လောက် နေ့တိုင်းဆက်တိုက်လုပ်ပေးပါ။ သိသာတဲ့ ရလဒ်ကို ရရှိလာမှာဖြစ်ပါတယ်။        

Photo credit: sinussurgeryprocedure.com


22 Jan 2016     1,436 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style