BEC-TERO TV

ရာဇဝင်ဇာတ်ကားမှာ ပါဝင်ကြမယ့် Hwang Jeong-min, So Ji-sub and Song Joong-ki

25 Jan 2016     1,313 Views


ရာဇဝင်ဇာတ်ကားမှာ ပါဝင်ကြမယ့် Hwang Jeong-min, So Ji-sub and Song Joong-ki

                                      တောင်ကိုရီးယား သရုပ် ဆောင်မင်းသားများဖြစ်သော Hwang Jeong-min, So Ji-sub နှင့် Song Joong-ki တို့သည် Battle ship အမည်ရ ရာဇဝင်ရုပ်ရှင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် မည်ဟု အတည်ပြုပြောကြားခဲ့သည်။ Battleship ဇာတ်ကားသည် ဂျပန်ကိုလိုနီခေတ်အတွင်း စစ် သင်္ဘောတစ်စီးပေါ်သို့ အတင်း အကျပ် ခေါ်ဆောင်ခံရမှုကြောင့် ယင်းသင်္ဘောပေါ်မှ လွတ်မြောက် ရန်ကြိုးပမ်းသော ဂျိုဆွန်ပြည်သူ ၄၀၀ ၏ ဇာတ်လမ်းဖြစ်သည်။

                                    ယင်းဇာတ်ကားကို Veteran ဇာတ်ကားဒါရိုက်တာ ယူဆောင်း ဝမ်က ရိုက်ကူးမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် ကိုရီးယားနာမည်ကျော် သရုပ် ဆောင်များဖြစ်သော Hwang Jeong-min, So Ji-sub နှင့် Song Joong-ki တို့ ပါဝင်သရုပ်ဆောင်မည်ဟု ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ဇန်နဝါရီ ၁၅ ရက်တွင် ကြေညာ ခဲ့သည်။ ယင်းဇာတ်ကားကို ၂၀၁၆ခြောက်လအတွင်း ရိုက်ကူးမည် ဖြစ်ပြီး ၂၀၁၇ တွင် ရုံတင်ပြသ မည်ဖြစ်သည်ဟု သိရပါသည်။


25 Jan 2016     1,313 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment