BEC-TERO TV

ကော့စတာကိုအကယ်ဒမီပေးတဲ့ဝင်းဂါး

26 Jan 2016     2,592 Views


မာတီဆက်ကာအထုတ်ခံရမှုတွင် ချဲလ်ဆီးမှကော့စတာ၏ဟန်ပန်မှာ အကယ်ဒမီပေးရလောက်အောင်ပင် ဟန်ဆောင်ကောင်းခဲ့ကြောင်း အာဆင်နယ်နည်းပြ၀င်းဂါးက ပြောဆိုလိုက်သည်။ မာတီဆက်ကာမှာကော့စတာကိုဖျက်ထုတ်ရာတွင် ကြမ်းတမ်းခဲ့သည်ဟုဆိုကာ ပထမပိုင်း ၁၈ မိနစ်မှာပင်တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရ သဖြင့် အာဆင်နယ်မှာ လက်ကျန်ပွဲကစားချိန်များကို တစ်ယောက်လျော့ဖြင့်ကစားခဲ့ရကာ ၀း၁ ရလဒ်ဖြင့်ရှုံးပွဲတွေ့ခဲ့ရသည်။

ဝင်းဂါးကမာတီဆက်ကာဟာကော့စတာဆီက ဘောလုံးကိုဖျက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အနီကဒ်တော့မဖြစ်ထိုက်ပါဘူး။ကော့စတာဟာ ကျနော်တို့နဲ့ကစားတဲ့၂ပွဲမှာ ၂ယောက်အထုတ်ခံရအောင် လုပ်ပြနိုင်ခဲ့သူမို့သိပ်တော်ပါတယ်။သူ့အမူအရာဟာ အကယ်ဒမီပေးထိုက်ပါတယ် ဟု ဝေဖန်ခဲ့သည်။ အာဆင်နယ်အသင်းမှာ ရှုံးပွဲတွေ့ခဲ့သဖြင့် အမှတ်ပေးဇယားတတိယနေရာသို့ ဆင်းပေးခဲ့ရပြီး မန်စီးတီးက ဂိုးကွာခြားချက်အသာဖြင့် ဒုတိယနေရာ သို့ရောက်သွားကာ နိုင်ပွဲရခဲ့သော လက်စတာက ထိပ်ဆုံးတွင်ဦးဆောင်လျက်ရှိသည်။

source: myanmargoal


26 Jan 2016     2,592 Views




RELATED

Most Popular of Football

Most Popular of Sport