BEC-TERO TV

အရောင်လေးတွေက ပြောတဲ့ အဓိပ္ပာယ် များအကြောင်း သိကောင်း စရာ

27 Jan 2016     2,525 Views


အမျိုး သမီးများကဲ့သို့ အမျိုးသားတွေလဲ ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်လေးတွေ ကို smart ကျကျ ရွေးချယ် ၀တ်ဆင်နိုင်စေရန်အတွက် အရောင်လေးတွေက ပြောတဲ့ အဓိပ္ပာယ်လေးတွေကို ပြန်လည်ဝေမျှ ပေးလိုက်ရပါတယ်

၁။ အပြာရောင် အပြာရောင်က တည်ငြိမ်ရင့်ကျက်မှု အသွင်ဆောင်ပါတယ်။

၂။ အနီရောင် စွဲဆောင်မှု အရမ်းကောင်းတဲ့ အရောင်ပါ။ အမျိုးသမီးတွေ အမြင်မှာ ထင်းလင်းပြီး ဆွဲဆောင်မှုရှိသူလို့ မြင်စေချင်ရင် အနီရောင်ကို ရွေးချယ်သင့်ပါတယ်။

၃။ ကြက်သွေးရောင် အိနြေ္ဒရှင်ကြီးအဖြစ် အမြင်ခံချင်ရင်တော့ ကြက်သွေးရောင်ကို ရွေးချယ်နိုင်ပါတယ်။

၎။ ပန်းရောင် နှလုံးသား နုနယ်သူ၊ ပျော်ပျော်နေတတ်သူလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

၅။ အစိမ်းရောင် အစိမ်းရောင်ကတော့ ယောက်ျားဆန်မှုကို ပြသပါတယ်။

၆။ အဖြူရောင် ရှင်းသန့်ကျော့မော့သွားစေပါတယ်။ အစွန်းအထင်းမရှိအောင် ဂရုစိုက်ဖို့တော့ လိုတာပေါ့။

၇။ အနက်ရောင် ဒါကတော့ လူတိုင်းကြိုက်တဲ့အရောင်ပါ။ ဘာကို ရွေးရမယ်မှန်း မသိတဲ့အခါ အနက်ရောင်ကိုသာ ရွေးသွားပါ။ ဒါပေမဲ့ လူတိုင်းဝတ်တတ်တဲ့ အရောင်ဖြစ်လို့ ထူးခြားတဲ့ ဆွဲဆောင်မှုကိုတော့ ပေးမှာ မဟုတ်တဲ့အတွက် ဆွဲဆောင်မှုရှိစေဖို့ ဒီဇိုင်းနဲ့ သပ်ရပ်မှုကို အလေးထားသင့်ပါတယ်။


27 Jan 2016     2,525 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style