BEC-TERO TV

ဖားကန့်တွင် ကျောက်စိမ်းမိုင်းတွင်း မြေစာပုံ ထပ်မံပြို

27 Jan 2016     1,357 Views


ပြီးခဲ့တဲ့ တနလာင်္ ၂၅ရက်နေ့ညက ဖားကန့်၊ လုံးခင်း မြို့နယ်ထဲမှာ ကျောက်စိမ်းမိုင်းတွင်း မြေစာပုံပြိုကျမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း ရေမဆေးကျောက် ရွှာဖွေနေသူတွေ ရာဂဏန်းခန့်ရှိနေသော်လည်း အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် သေဆုံးမှု ဒါဏ်ရာရရှိမှု ဖြစ်ပွားသူမရှိလို့ ဒေသခံရဲစခန်းက ဘီဘီစီကိုပြောကြားခဲ့ပါတယ်။

ရတနာရောင်ခြည် နှင့် မြစ်ဆုံဧရာ ကျောက်မျက် ကုမ္ပဏီ တို့ရဲ့ စွန့်ပစ်မြေစာပုံမှာ ပြိုကျခဲ့ခြင်း ဖြစ်တယ်လို့လည်း အခင်းနေရာကို သွားရောက် စစ်ဆေးခဲ့တဲ့ လုံးခင်းရဲစခန်းမှ ရဲအရာရှိက ပြောပါတယ်။

လက်တလောမှာတော့ ဒေသခံ အာဏာပိုင်တွေ အပါအ၀င် ကုမ္ပဏီမှ တာဝန်ရှိသူ တချို့တို့နဲ့ တွေ့ဆုံခဲ့ပြီး ကျောက်စိမ်း တူးဖော်နေမှုလုပ်ငန်းကို ယာယီ ရပ်ဆိုင်းထားခဲ့တယ်လို့ ထိုအရာရှိမှ ထပ်မံပြောဆိုခဲ့ပါတယ်။

ထိုဖြစ်စဉ်ကဲ့သို့ စွန့်ပစ်မြေစာပုံပြိုကျမှုမျိုးဟာ ဖားကန့်ဒေသရှိ ကျောက်စိမ်းတွင်းများတွင် မကြာခဏဖြစ်ပေါ်လေ့ရှိနေခဲ့ပြီး လူသေဆုံးမှု ရာနဲ့ချီခဲ့တဲ့ အခါမျိုးလည်းရှိခဲ့ပါတယ်။


ထို့အတွက် အာဏာပိုင်တွေက ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများကို မြေစာစွန့်ပစ်သည့်အခါ ပေ ၅၀ ၀န်းကျင် အမြင့်အထိသာ စွန့်ပစ်ရန် ၊ ယခင်အတိုင်း ပေ ရာထောင်ချီ မစွန့်ပစ်ရန် အမိန့်ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

 

Reference: BBC Myanmar


27 Jan 2016     1,357 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS