BEC-TERO TV

ချစ်သူချင်းချိန်းတွေ့စဉ် အမျိုးသားက အမျိုးသမီးမျက်နှာအား ဓားဖြင့်ထိုးခြစ်မှုဖြစ်

27 Jan 2016     1,351 Views


ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီခန့်က အလုံမြို့နယ် ဌာနာရပ်ကွက် လိုတရ စားသောက်ဆိုင်တွင် သမီးရည်းစားချိန်းတွေ့ရာမှ စကားများကြပြီး အမျိုးသားက အမျိုးသမီးအား စက္ကူဖြတ်သည့် ခလုတ်ဓားဖြင့် မျက်နှာအား ထိုးခြစ်မှုဖြစ်ခဲ့သည်။

 

ထိုစားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မ---(၂၄)နှစ်သည် အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက် နှင်းဆီကုန်းလမ်း အမှတ်(၇၁/မြေညီ)တွင် နေထိုင်သူ ကျော်ဇင်ဦး(၂၈)နှစ်နှင့် သမီးရည်းစားချိန်းတွေ့စဉ် ဖြစ်ခဲ့သော မှုခင်းဖြစ်သည်။

 

မ---မှာ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ်(မစိုးရိမ်ရ) ဆေးကုသခံနေရသည်။ အခင်းဖြစ်ပွားမှုအား မ---၏ မိခင်(လှိုင်သာယာနေထိုင်သူ)မှ သိရှိပြီး တိုင်ကြားခဲ့ရာ အလုံမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။                                                          

တင်မောင်ဦး(အလုံ) The Mirror Daily


27 Jan 2016     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS