BEC-TERO TV

၁၀ စုနှစ်ချီပြီး အချိန်ယူရမဲ့ ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး

28 Jan 2016     1,808 Views


ဇီကာ ဗိုင်းရပ်စ်ဟာ ခြင်မှ တစ်ဆင့် ကူစက်သော ကြောက်စရာ ကောင်းတဲ့ ရောဂါ တစ်မျိုးဖြစ်ခဲ့ပြီ။ ဇီကာ ဗိုင်းရပ်စ် ဟာ ကိုယ်ဝန် မိခင် ဗိုက်ထဲက ကလေးရဲ့ ဦးနောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ပြည်သူလူထု သုံးနိုင်တဲ့ထိ နှစ်ပေါင်း ၁၀ စုနှစ် ကြာအောင် အချိန်ယူ ထုတ်လုပ်ရမယ်လို့ အမေရိကန် သုတေသီ တွေ က သတိပေးလိုက် ပါတယ်။

ခြင် က တဆင့် ကူးစက် တဲ့ ဇီကာ ဗိုင်းရပ်စ် ပြန့်နှံမှု အကြီးအကျယ် ဖြစ်လာ နိုင်တယ် ဆိုပြီး တော့လည်း တက္ကဆက် ပြည်နယ် တက္ကသိုလ် က သိပ္ပံ ပညာရှင် တွေက ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က လည်း ဇီကာ ဗိုင်းရပ်စ် ကူးစက် မှု ထိန်းချုပ်ရေး ကို အရေးတကြီး သဘောထား ကိုင်တွယ် ကြဖို့ ဆော်ဩ နေပါတယ်။

အားလုံး ဇီကာ ဗိုင်းရပ်စ် နဲ့ ကင်းဝေးစေဖို့ ခြင်အကိုက် မခံရဖို့ ဂရုစိုက်ရပါမယ်။


28 Jan 2016     1,808 Views




RELATED

Most Popular of Special or Others

Most Popular of NEWS