BEC-TERO TV

KFC က ကျန်းမာရေးနှင့် ပိုညီ ညွတ်ကြောင်း လေ့လာ တွေ့ရှိ

28 Jan 2016     1,406 Views


KFC ရဲ့အစားအစာတွေဟာကျန်းမာရေးနဲ့ ပိုမိုညီညွတ်တယ်လို့ လေ့လာချက်အသစ်တစ်ခုအရသိရပါတယ်။ ဗြိတိန်နာမည်ကြီးရုပ်သံ Channel 4 က ပြုလုပ်ခဲ့တဲ့ Documentry တစ်ခုက နာမည်ကြီးစားသောက်ဆိုင် Nando ကအစားအစာတွေကို KFC ကအစားအစာတွေနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါထုတ်လွှင့်ချက်အရ Nando ရဲ့ အစားအသောက်တွေဟာ KFC ထက် ကယ်လိုရီနဲ့ သကြားပမာဏတွေ ပိုများတယ်လို့ဆိုပါတယ်။ Nando နဲ့ KFC တို့ဟာ သူတို့ရဲ့ကုန်ကြမ်းနဲ့ ကြက်သားတွေကို တူညီတဲ့ Supplier ဆီကနေရတာဖြစ်ပေမယ့် Nando ကဈေးအနည်းငယ်ပိုကြီးတာကိုလည်းတွေ့ရပါတယ်။

အဆိုပါထုတ်လွှင့်မှုမှာ တင်ဆက်သူ Amanda Ursell က KFC ရဲ့ ပေါင်မုန့်အသားလိပ် (Toasted Twister wrap) နဲ့ Nando ရဲ့ (Chicken wrap) တို့ကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။ သူမက KFC အသားလိပ်မှာ ကယ်လိုရီ ၄၈၀နဲ့ သကြား ၄.၇ ဂရမ်ပါဝင်ပြီး၊ Nando ရဲ့အသားလိပ်မှာတော့ ၅၉၄ကယ်လိုရီနဲ့ KFC မှာပါဝင်တဲ့ သကြားပမာဏထက်သုံးဆများတဲ့ ၁၆.၂ဂရမ်ရှိတဲ့ သကြားတွေကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Nando ရဲ့အသားလိပ်ဟာ ဆားပမာဏ အနည်းငယ်သာ တွေ့ခဲ့ရပြီး အာလူးChips ချင်း နှိုင်းယှဉ် ကြည့်ရင်တော့ Nando ကပိုမို ကောင်းမွန်တဲ့ အဆီတွေကိုတွေ့ခဲ့ရပါတယ်။ Nando အာလူးကြော်တစ်ပွဲမှာ ၅၄၆ ကယ်လိုရီ ပါဝင်ပြီး၊ KFC အာလူးကြော်တစ်ပွဲမှာတော့ ၃၁၀ကယ်လိုရီ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဈေးနှုန်း ချင်းကွာခြားတာ တွေ့ခဲ့ရပေမယ့် ဆိုင်နှစ်ခုစလုံးရဲ့ ကြက်သားတွေဟာ Moy Park ဆိုတဲ့တူညီတဲ့ ထောက်ပံ့ပေး သူဆီကနေ လာတာဖြစ်ပါတယ်။

 

Credit: Thithtoolwin


28 Jan 2016     1,406 Views




RELATED

Most Popular of Special or Others

Most Popular of Life Style