BEC-TERO TV

ဆံနွယ် ထိခိုက် ပျက်စီး မှုများကို ကုသပေးမဲ့ ဂီးထောပတ် ( Ghee)

28 Jan 2016     1,423 Views


ဂီးထောပတ်ကို ဟင်းလျာ ချက်ပြုတ်ခြင်းများတွင် တွေ့မြင်လေ့ ရှိသော်လည်း ဆံနွယ်ပြသနာ များဖြေရှင်းရာတွင် အသုံးပြုသည်ကို တွေ့ဖူးပါသလား။ သိပြီးသူများ အတွက်တော့ အဆန်းမဟုတ်ပေမဲ့ မသိသေးသူများအတွက် တော့ ၀မ်းသာစရာ သတင်းလို့ပြောရင်လည်း မမှားပါဘူး။ ကျန်းမာ သန်စွမ်းလှပတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ဂီးထောပတ်ကို ဘယ်လို အသုံးပြုရမလဲဆိုတဲ့ သတင်းကောင်းလေးပေးပါရစေ..။

(၁) သဘာဝအတိုင်း ဆံသားပျော့ပြောင်းစေခြင်း
ဆံနွယ်ပျော့ပြောင်းစေဖို့အတွက်တော့ ဂီးထောပတ်က အသင့်တော်ဆုံးဖြစ်ပါတယ်။ ဂီးထောပတ်က ဆံသား အရောင်တောက်စေသည်သာမက ပျော့ပြောင်းစေပါတယ်။ ဂီးထောပတ် ၂ဇွန်းနဲ့ သံလွင်ဆီ ၁ဇွန်းရောမွှေကာ ရရှိလာတဲ့အနှစ်ကို ဆံပင်ပေါ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်စောင့်ပြီး ခေါင်းလျှော်ရည်နဲ့ ဆေးချလိုက်ပါ။

(၂) ဆံသားနှစ်ခွဖြစ်ခြင်းကိုကာကွယ်ပေးခြင်း
ဆံပင်အဖျားတွေ ၂ခွဖြစ်လို့ ၂လတစ်ခါ၊ ၃လတစ်ခါ အဖျားတွေကို ညှပ်ပစ်နေရပါသလား။ အဖျားနှစ်ခွ ဖြစ်မှညှပ်ပစ်မဲ့အစား အဖျားနှစ်ခွ မဖြစ်အောင် ကြိုတင်ကာကွယ်ကြပါစို့လား။ ကာကွယ်နိုင်မဲ့ဆေးနည်းက တော့ရိုးရှင်းလွယ်ကူပါတယ်။ ဂီးထောပတ် ၃ဇွန်းကိုယူပါ၊ ဆံပင်အဖျားတွေမှာ သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်စောင့်ပြီး အဖျားတွေကိုဖြီးပေးပါ။ ထို့နောက် ခေါင်းလျှော်ရည်၊ ရေနွေးတို့ကို အသုံးပြုကာ ဆေးချလိုက်ပါ။ ( ဆံသားနှစ်ခွဖြစ်နေသူများလည်း ယခုနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။)

(၃) ဆံပင်အရှည်မြန်ခြင်း
ဆံပင်မြန်မြန်ရှည်အောင်လည်း ဂီးထောပတ်က စွမ်းဆောင်နိုင်ပါသေးတယ်။ ဂီးထောပတ်ကို ဦးရေပြား အနှံ့နဲ့ ဆံပင်တွေပေါ်မှာလိမ်းပေးပါ။ ထို့နောက် Amla Juice (သို့) Onion Juice ကိုအသုံးပြုကာ ဆေးချလိုက်ပါ။ ယခုနည်းလမ်းကို ၁လနှစ်ခါပြုလုပ်ပေးခြင်းဖြင့် အဆံရှည်မြန်လာစေမှာဖြစ်ပါတယ်။

(၄) ဗောက်ဖြစ်ခြင်းကိုကာကွယ်ပေးခြင်း
သင့်ဆံနွယ်က ခြောက်သွေ့တဲ့အမျိုးအစားဆိုရင်တော့ အနည်းငယ်နွေးအောင် အပူပေးထားတဲ့ ဂီးထောပတ်နဲ့ ဗာဒံဆီ (Almond oil) တို့ရောစပ်ထားတဲ့ အနှစ်ကိုအသုံးပြုကာ ဦးရေပြားအနှံ့လိမ်းပေးရမှာပါ။ လိမ်းပြီးပါက ၁၅မိနစ်လောက်စောင့်ပြီး Rose Water ကိုအသုံးပြုကာဆေးချလိုက်ပါ။ ယခုနည်းလမ်းကို ၁လနှစ်ခါ အသုံးပြုခြင်းဖြင့် ဗောက်များကိုကာကွယ်ပေးနိုင်ပါတယ်။


28 Jan 2016     1,423 Views




RELATED

Most Popular of Special or Others

Most Popular of Life Style