BEC-TERO TV

မျက်နှာကို ဖြူစင် ၀င်းပ လာစေမယ့် သဘာဝ နည်းလမ်းများ

29 Jan 2016     1,399 Views


နေရောင်ခြည် အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသား အရေတွေ ညိုမည်း ခြောက်သွေ့ လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်လွန်းတဲ့ နေရောင်ခြည် ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြား ကင်ဆာတွေလည်း ဖြစ်နိုင် ပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ နည်းတွေ ကတော့ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသား အရေကို ပြန်လည် ဝင်းပလာ စေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

သရက်သီးနဲ့ နွားနို့
မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်း ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာ အရေပြား ပေါ်က အဖုအထစ်လေးတွေကိုစုပ်ယူပြီး နွားနို့က ဆေးကြောပေးလိုက်တာကြောင့် မျက်နှာကို ချောမွတ် တောက်ပလာစေပြီး အရေပြား ကင်ဆာ ကနေလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

*သတိပြုရန် = သရက်သီးကို မွှေထားစဉ်မှာတော့ ယင်ကောင်တွေ မနားစေ ရပါဘူး။ ရေရော ထားတဲ့ နွားနို့တော့ မဖြစ် စေရပါဘူး။*

နွားနို့နဲ့ပျားရည်
နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

ပျားရည်နဲ့ ထောပတ်သီး
မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းလောက်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ်လာစေတာကို တွေ့ရမှာပါ။

ကြက်ဥအကာနဲ့ ပျားရည်
ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံးပြုလုပ်ပေးပါ။၁၅ မိနစ်လောက် ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။

မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရုံမကပဲ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

Reference Credit:

health.thithtoolwin.com


29 Jan 2016     1,399 Views




RELATED

Most Popular of Special or Others

Most Popular of Life Style