BEC-TERO TV

ရိုးမေး နီးယား နိုင်ငံ ခရီးစဉ်တွင် ထူးဆန်းစွာ ပျောက်ဆုံး သွားသော စင်္ကာပူ နိုင်ငံသား သားအမိ (၂) ယောက်

02 Feb 2016     1,342 Views


အင်တာနက်မှ တဆင့် သိကျွမ်းသူအား သွားရောက်တွေ့ဆုံ ရန်အတွက် အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီး နှင့် အတူ ၎င်း ၏ မိခင် , အသက် ၆၁ နှစ် , တို့ ရိုမေးနီးယား နိုင်ငံ သို့ လွန်ခဲ့သော လ တွင် မိသားစုများကို အသိပေးခြင်းမရှိဘဲ တိတ်တဆိတ် ထွက်ခွာ ခဲ့သည် ။

စီမန်ခန့်ခွဲရေးဆိုင်ရာ အရာရှိ, Ms Yap Lay Leng မှာ ခရီးစဉ် အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၄ သောင်းကျော် နှင့် အတူ ၎င်း ၏ SG50 အထိမ်းအမှတ် စာရွက်စာတမ်းများကို ပါ ယူဆောင်သွားကြောင်း Shin Min Daily News မှ ဖော်ပြထားသည် ။

သူမ နှင့် သူမ မိခင်ဖြစ်သူ Madam Foo Li Kheng တို့မှာ ရက်ပေါင်း ၁၀ ရက်ခန့်ကြာ ပျောက်ဆုံးလျက်ရှိနေပြီး မိသားစု ဝင်များအနေဖြင့်လည်း မည်သည့် နည်းလမ်းနှင့် မျှဆက်သွယ်၍ မရကြောင်း သိရသည် ။

Mr Yap ဟု သာအမည် ဖော်လိုသော သူမ၏ ဖခင်ဖြစ်သူမှာ ဇနီး နှင့် သမီး သည် Online မှ တဆင့် လိမ်လည်လည့်ဖြားမှုများကို ကျူးလွန်သူများ ၏ သွေးဆောင်မှုများထံတွင် ရောက်ရှိနေမည် ကြောင်း စိုးရိမ်လျက်ရှိသည် ။ သားအမိ (၂) ဦးမှာ သူ့အား အသိပေးခြင်း မရှိဘဲ ရိုမေးနီးယား နိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည် ။

ဇန်နဝါရီလ ၂၂ ရက် နံနက် တွင် Mrs Yap မှာ ပုံမှန်အတိုင်း အလုပ်ခွင်သို့ သွားရောက်ခဲ့သည် ။ ညနေ ၄ နာရီ ခန့်တွင် မိခင်ဖြစ်သူမှာ သမီးနှင့်အတူ ညနေစာ စားရန် အိမ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး Mr Yap အနေဖြင့် ၎င်းသည် သူတို့နှင့် နောက်ဆုံး အဆက်သွယ် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။

ထိုနေ့ည ၉ နာရီ အချိန်တွင် Mr Yap မှာ ညပိုင်း အလုပ်ဆင်းရန် တာဝန်ကျခဲ့ပြီး နံနက် ၅ နာရီ အချိန်တွင် အိမ်သို့ ပြန်လာရောက်ရှိလာခဲ့ရာ ဇနီး နှင့် သမီးအား အိမ်တွင် မရှိကြောင်း သိခဲ့သည် ။ ၎င်း တို့နှင့် အတူ ၎င်း တို့၏ နိုင်ငံကူးလက်မှတ်များပါ မရှိတော့ကြောင်း သိရှိရသဖြင့် ဆက်သွယ်မှုများကို ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရကြောင်း ပြန်လည်ပြောကြားခဲ့သည် ။

Mr Yap အနေဖြင့် ဇနီး နှင့် သမီး ထူးဆန်းစွာ ပျောက်ဆုံးသွား ခြင်းနှင့် ပါတ်သက်၍ အချက်အလက်များကို ရှာဖွေရာတွင် သမီးဖြစ်သူ၏ ဘဏ်အကြွေးကဒ်မှ တဆင့် ၎င်း တို့သည် စင်္ကာပူ မှ ဂျာမနီ နိုင်ငံ ဖရန့်ဖတ် မြို့ ထို့နောက် ရိုမေးနီးယားနိုင်ငံ ၏ မြို့တော် ဘူချာရက်(စ်) မြို့ သို့ လေယာဉ် ခရီးစဉ် ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိခဲ့ရသည် ။ ဧပြီလ (၁၆) ရက်နေ့တွင် ပြန်လာရန်အတွက် လည်း ကြိုတင် လက်မှတ်များ မှာယူထားကြောင်း သိရသည် ။

လွန်ခဲ့သော ဒီဇင်ဘာလတွင် နှင်းကျသော အတွေ့အကြုံကို ခံစားလို၍ ဥရောပနိုင်ငံ များသို့ အလည်အပါတ်သွားရောက်ရန် Mr Yap ကို သမီးဖြစ်သူမှာ တိုက်တွန်းခဲ့သောလည်း Mr Yap သည် သွားချင်လိုသော ဆန္ဒမရှိသောကြောင့် ငြင်းဆန်ခဲ့ကြောင်း သိရသည် ။

Mr Yap အနေဖြင့် သူ ၏ သမီးမှာ အင်တာနက်မှ တဆင့် ခင်မင်ရင်းနှီးသော ယောက်ျားလေး သူငယ်ချင်း ဖြစ်သူကို တွေ့ဆုံရန်အတွက် စီစဉ်ခဲ့ကြောင်း ယုံကြည်သည် ဟုပြောကြားခဲ့သည် ။ ဆက်လက်ပြီး သူ ၏ ဇနီးနှင့်သမီးဖြစ်သူ တို့မှာ မည်သည့် နေရာတွင်မှ တည်းခိုခဲ့ခြင်းနှင့် တည်းခိုရန် မှာယူထားခြင်းများ မရှိသောကြောင့် လေဆိပ်တွင် သူတို့အား တစ်စုံတစ်ဦး မှ ကြိုတင်စောင့်ဆိုင်း ခေါ်ယူသွားခြင်း ဖြစ်နိုင်ကြောင်းကိုလည်းပြောကြားခဲ့သည် ။

Mr Yap အား သမီးဖြစ်သူ၏ ကုမ္ပဏီမှ လည်း ခရီးစဉ် ထွက်ခွာရန်အတွက် ခွင့်ယူခဲ့ခြင်းများ လည်း မရှိခဲ့ကြောင်း အကြောင်းကြားခဲ့သည် ။ လွန်ခဲ့သော စနေနေ့ မှာ Mr Yap ၏ ဇနီးဖြစ်သူ မွေးနေ့ ဖြစ်သောကြောင့် သူတို့ ပြန်လာရန်အတွက်ကို လည်း အလွန်ပင် မျှော်လင့်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည် ။

ထူးဆန်းစွာပျောက်ဆုံးသွားသော သားအမိ (၂) ဦး နှင့် ပါတ်သက်၍ မေးမြန်းမှုများကြောင့် ယမန်နေ့တွင် စင်္ကာပူနိုင်ငံ ၏ နိုင်ငံခြားရေးရာ ဌာန (MFA) အနေဖြင့် စင်္ကာပူနိုင်ငံသူ သားအမိ (၂) ဦး နှင့် ပါတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ရိုးမေးနီးယားနိုင်ငံရှိ တာဝန်ရှိသူများအား ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည် ။

“ သားအမိ (၂) ဦး ၏ လုံခြုံရေးမှာ ၎င်းတို့၏ လက်ငင်းအရေးကြီးသော တာဝန်ဖြစ်ပြီး ဒီကိစ္စနှင့် ပါတ်သက်ပြီး အဆက်မပြတ် ဆောင်ရွက်လျက်ရင်း အခြား မိသားစု ဝင်များနဲ့ပါ အမြဲတမ်းဆက်သွယ် လျက်ရှိပါတယ် “ ဟု MFA ၏ ပြောဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည် ။

Reference: straitstimes.com


02 Feb 2016     1,342 Views




RELATED

Most Popular of International News

Most Popular of NEWS