BEC-TERO TV

တက္ကသိုလ် ၀င်တန်း စားမေးပွဲ မေးခွန်း ပုံစံများအား ပြောင်းလဲ တော့မည်

03 Feb 2016     1,432 Views


၂၀၁၆ - ၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (သို့) ဒသမတန်းစာမေးပွဲကို ယခင်ကဲ့သို့ အလွတ်ကျက်အလွတ်ဖြေ ဆိုရမည့် မေးခွန်းပုံစံ အစား စဉ်းစားတွေးခေါ်ပြီး မိမိ အတိုင်း ဖြေဆိုရမည့် မေးခွန်းပုံစံ အဖြစ် ပြောင်းလဲသွားရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်းကို ပညာရေးဝန်ကြီးဌာန မှသတင်းရရှိသည် ။

“ နောက်နှစ်မှာ တက္ကသိုလ်တွေကို လျောက်တဲ့အခါ ဝင်ခွင့်စားမေးပွဲနဲ့ ဝင်ခွင့်ဖြေဆိုရတော့မှာ ဖြစ်တာကြောင့် အခြေခံပညာက ကလေးတွေကို တက္ကသိုလ် ဝင်တန်းဖြေတဲ့ အခါမှာ မေးခွန်းပုံစံပြောင်းလဲသွားမယ် ။

အရင်ကလို စာတွေကို အလွတ်ကျက်ဖြေရတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ သေချာစဉ်းစားပြီး ကိုယ်တိုင်အတွေးအခေါ် နဲ့ ဖြေဆိုရမယ့် မေးခွန်းပုံစံတွေ ၊ ညဏ်စမ်းမေးခွန်းပုံစံတွေ အဖြစ် ပြောင်းလဲ သွားမှာ ပဲဖြစ်ပါတယ် “ ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦး မှ ပြောကြားခဲ့ပါသည် ။

“ သင်ကြားနည်း တွေကတော့ အတူတူပါပဲ ။ ဒါသင် ၊ ဒါမေး ၊ ဒါကျက် ဆိုတာထက် ဒါသင် ၊ ဒါကျက် ကို ကျော်ပြီး စဉ်းစားတွေးခေါ်နိုင်ဖို့ ကြိုးစားထားပါ “ဟု ဆက်လက်ပြေားဆိုခဲ့သည် ။

ပညာရေးဝန်ကြီးဌာန သည် အခြေခံ ပညာကဏ္ဍမှ အဆင့်မြင့်ပညာဏ္ဍ သို့ ကူးပြောင်းရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ်ဖြင့် တက္ကသိုလ်များ တက်ရောက်ခွင့်ရရှိရာ မှ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်စာမေးပွဲအားဖြေဆိုပြီး တက်ရောက်ရမည့် စနစ်ကို လာမည့်နှစ်များတွင် ပြောင်းလဲကျင့်သုံး ရန်စီစဉ်လျက်ရှိသည် ။

ထိုသို့ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းမှ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သော ပညာရေးမြှင့်တင်မှု နှီးနှောဖလှယ်ပွဲ ( အဆင့်မြင့် ပညာကဏ္ဍ ) တွင် ပြောကြားခဲ့သည် ။

၂၀၁၅ - ၂၀၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ ခြောက်သိန်း ခုနစ်သောင်းကျော်ရှိပြီး စာမေးပွဲကို မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန မှသိရသည် ။


03 Feb 2016     1,432 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS