BEC-TERO TV

အနာဆာ ကင်းသော အသားအရေ ရရှိ စေရန် လိုက်နာ သင့်သော အချက် ၂၀

03 Feb 2016     1,394 Views


၁။ ဆေးလိပ်မသောက်ပါနဲ့။
၂။ အရက်ပါသောအရည်များသောက်သုံးခြင်းကိုရှောင်ပါ။
၃။ အိပ်ရေး၀၀အိပ်ပါ။
၄။ အရမ်းပူသောအချိန်များတွင် နေပူထဲမထွက်ပါနဲ့။
၅။ UVA နှင့် UVB နှစ်မျိုးလုံးပါဝင်သော နေရောင်ကာခရင်မ် (Sunscreen) လိမ်းပါ။
၆။ နေလောင်ခြင်းမှကာကွယ်ပေးမဲ့ အဝတ်အစားဝတ်ပါ။
၇။ မျက်လုံးအောက် အရေးအကြောင်းတွေကိုကာကွယ်နိုင်ဖို့ မျက်လုံးတစ်ဝိုက်ကို စစ်ဆေးပါ။
၈။ နေ့စဉ် အရေပြားကိုသန့်ရှင်းအောင်ထားပါ။
၉။ အသားအရေခြောက်နေပါက Moisturizer သုံးပေးပါ။
၁၀။ မအိပ်ခင် Make-up ဖျက်ပါ။
၁၁။ အရေပြားမှာရှိတဲ့ ချေးတွေ၊ ဆပ်ပြာရည်တွေနဲ့ lotion တွေကိုပြောင်အောင်ဆေးပါ။
၁၂။ ရေကိုအခြေခံကာ (Water- based) ထုတ်လုပ်ထားသော အလှကုန်များကိုသာသုံးပါ။
၁၃။ ဓာတုဆေးဝါးမသုံးထားသော အော်ဂဲနစ် အစားအစားများကို သာစားသုံးပါ။
၁၄။ Trans Fat နဲ့ သကြားပါဝင်သောအစားများကို ရှောင်ပါ။
၁၅။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။
၁၆။ အမွေးအမျှင်တွေကိုရှင်းလင်းရာတွင် သန့်ရှင်းသော၊ ထက်သော ဓားကိုသာအသုံးပြုပါ။
၁၇။ ဖြစ်နိုင်လျှင် မိတ်ကပ်ပစ္စည်းနဲ့ မိတ်ကပ်လိမ်းပစ္စည်းများကို ၆-၁၂ လ တစ်ခါလဲလှယ်ပေးပါ။ မျက်လုံးလိမ်းခြယ်ပစ္စည်းတွေကိုတော့ ၃လတစ်ခါလဲပေးပါ။
၁၈။ မျက်နှာနှင့်ပတ်သက်သော လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။
၁၉။ ရေများများသောက်ပါ။
၂၀။ တရားထိုင်ပါ။ စိတ်တည်ငြိမ်စေမဲ့ လေ့ကျင့်ခန်းများပြုလုပ်ပါ။
 


03 Feb 2016     1,394 Views




RELATED

Most Popular of Special or Others

Most Popular of Life Style