BEC-TERO TV

ခြေထောက် (၂) ချောင်း နှင့် လူနှာခေါင်း ပုံသဏ္ဍာန် ပါတဲ့ ထူးဆန်းသော ရေနေ သတ္တဝါ အား ကာရေဘီယံ ကျွန်းဆွယ်တွင် တွေ့ရှိ

03 Feb 2016     1,590 Views


ဂြိုလ်သားငါး ( Alien Fish ) ဟုတင်စား ခေါ်ဝေါ်သော ငါးကဲ့သို့သော သတ္တဝါ အား ကာရေဘီယံ ကျွန်းငယ်လေး တစ်ခုတွင် တွေ့ရှိခဲ့ပြီး သုသေသန နှင့် သိပ္ပံ ပညာရှင် များအနေဖြင့် မည်သည့် သက်ရှိမျိုးနွယ်ဝင် ဖြစ်ကြောင်းအား ခွဲခြားရခက်လျက်ရှိကြောင်း Daily Mail သတင်းမှ ဖော်ပြခဲ့သည် ။

အဆိုပါ သတ္တဝါ သည် ငါးအကြေးခွံဖြင့်အတူ ပင်လယ်အောက်ခြေကြမ်းပြင်ပေါ်တွင် လမ်းလျှောက်သွားနိုင်ရန်အတွက် ခြေထောက် (၂) ချောင်းပါဝင်ပြီး လူ၏ နှာခေါင်းနှင့် ပုံသဏ္ဍာန် လုံးဝတူညီသော နှာခေါင်း ပါဝင်ကြောင်း ထူးဆန်းစွာ တွေ့ရှိရသည် ။

ထို သတ္တဝါကို ကာရေဘီယံကျွန်းဆွယ်တွင် ပါဝင်သော ကာရီယာကိုး ကျွန်းရှိ ဝန်းဝါဒ် ဆိပ်ကမ်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည် ။

“ အဲဒီအကောင် ကို လာကြည့်ကြတဲ့ လူတွေ အများကြီးပဲ ။ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲက ထူးဆန်း သတ္တဝါကောင် အတိုင်းမို့လို့ တချို့လူတွေဆို လန့်လန့်ဖြန့်ဖြန့် ဖြစ်ကုန်ကြတယ် “ ဟု ဒေသခံ တစ်ဦးမှ ပြောပြခဲ့သည် ။

ဒေသခံ တံငါးသည်တစ်ဦးဖြစ်သော , Mr McLawrence , အသက် ၇၄ , မှာ ထိုသတ္တဝါကို ဖမ်းမိခဲ့သူဖြစ်ပြီး ဖမ်းမိစဉ်တွင် ထို သတ္တဝါအား အချိန်အတော်တန်ကြာအောင် အံသြစွာဖြင့် ငှေးစိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည် ။

အလျား တစ်ပေခန့် ရှိသော ထို ရေနေသတ္တဝါကြီးမှာ ကျောဖက်တွင် ကြီးမားသော အသွားသဏ္ဍာန် အရိုးရှိပြီး သူ၏ ကျယ်ပြန့်သောပါးစပ်တွင် လူ့နှာခေါင်းနှင့် တစ်ပုံစံတည်း ထပ်တူညီသော နှာခေါင်းပါဝင်သည် ။ ထို သတ္တဝါ ၏ အမြီး နှင့် အတောင်တို့၏ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း ထူးဆန်းကြောင်းတွေ့ရှိရသည် ။
 
“ ဒီလို သတ္တဝါမျိုး ကျွန်တော် တစ်ခါမှလည်းမတွေ့ဖူးဘူး တွေ့ရလိမ့်မည်လို့ လည်းမထင်ထားဘူး ။ အထူးသဖြင့် အခုလို လူနေများပြီး စည်းကားနေတဲ့ ပင်လမ်းကမ်းတဝှက်မှာ ဒီလို သတ္တဝါရှိ နေတယ်ဆိုတာကို တော်တော်လေးတော့ ထူးဆန်းအံသြ ဖွယ်ပါပဲ ။ အဲဒီ သတ္တဝါရဲ့ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံ အရ သူဟာ ရေမကူးနိုင်ဘဲ ပင်လယ် ကြမ်းပြင်မှာ လမ်းလျှောက်သွားတဲ့ သတ္တဝါ ဖြစ်နိုင်တယ် “ ဟု တံငါးသည် အဖြစ် နှစ်ပေါင်း ၅၀ ကျော် အသက်မွေးဝမ်းကျောင်းပြုသော Mr McLawrence မှ ပြောကြားခဲ့သည် ။

သုတေသန နှင့် သိပ္ပံညာရှင်များ အချို့က ထို ထူးဆန်း သတ္တဝါမှာ ငါး နှင့် ဖား မျိုးစိတ် ပေါင်းစပ်ထားသော မျိုးစိတ် အသစ်ဟု ယူဆထားပြီး သူ့၏ ကြီးမားသော ပါးစပ်ဖြင့် ငါး ၊ ဂဏန်း ၊ ပုံစွန် အစရှိသော မည်သည့် သတ္တဝါမဆို စားသောက်နိုင်သော ပင်လယ်နေ အသားစား သတ္တဝါဟု သုံးသပ်လျက်ရှိပါသည် ။

Source:  DailyMail.co.uk


03 Feb 2016     1,590 Views




RELATED

Most Popular of International News

Most Popular of NEWS