BEC-TERO TV

အိမ်မှာ မြွေမွေးပြီး မြွေဘာမှ မစားတာ တွေ့လို့ ဆရာဝန် နဲ့ သွားပြတော့မှ သင်ခန်းစာရ

03 Feb 2016     2,744 Views


သက်လတ်ပိုင်းအရွယ် အိန္ဒိယအမျိုး အသမီးကြီးတစ်ဦးက စပါးကြီးမြွေတစ်ကောင်ကို အိမ်မွေး တိရိစ္ဆာန်အဖြစ် မွေးထားပါတယ်။ ၄မီတာရှည်တဲ့ ထိုမြွေကြီးက တစ်နေ့မှာတော့ လုံးဝအစာမစားတော့ပါဘူး။ ဒီလိုနဲ့ မြွေကြီးက အစာမစားတာ တစ်ပတ်လောက်ရှိလာတော့ အမျိုးသမီးကြီးကစိတ်ပူပြီး မြွေကြီးကို တိရိစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပါတယ်။

ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက် တိရိစ္ဆာန်ဆရာဝန်က “အမနဲ့သူညဘယ်အတူတူ အိပ်လား၊ အိပ်တဲ့အခါ အစ်မတကိုယ်လုံးကို သူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။ အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်း “ဟုတ်ပါတယ်။ ညတိုင်းအဲ့လိုပဲအိပ်တယ်။ သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ ကျွန်မထင်တာပဲ ဒါပေမဲ့လည်း သူတောင်းဆိုတာကဘာမှန်းမသိတော့ ကျွန်မလည်း မလုပ်ပေးနိုင်ဘူးလေ။ အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ ပြန်ပြောတယ်။

ဒါနဲ့ ဆရာဝန်က “အစ်မကြီးမြွေက နေမကောင်းတာမဟုတ်ပါဘူး။ အစ်မကြီးကိုစားဖို့ ရည်ရွယ်နေတာပါ။ အစ်မကြီး ခန္ဓာကိုယ်တစ်ခုလုံးကိုသူပတ်လိုက်တိုင်း အစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲ၊ အစ်မကြီးကို မြိုဖို့၊ မြိုပြီးရင် အစာချေဖို့ အတွက် သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊ အစာမစားတော့တာကလည်း အစ်မကြီးကိုစားဖို့ ကြိုတင်ပြင်ဆင်နေတာ”လို့ ပြန်ပြောခဲ့ပါတယ်။

ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့ လူတွေမှာလည်း မိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို သတိထားသင့်ပါတယ်။ သင်နဲ့အရမ်းရင်းနှီးပြီး မကြာခဏ သင့်ကိုပွေ့ဖက်၊အားပေးတိုင်း သူ့ရည်ရွယ်ချက်တွေက ကောင်းတယ်လို့ သတ်မှတ်လို့မရပါဘူး။


03 Feb 2016     2,744 Views




RELATED

Most Popular of Special or Others

Most Popular of Life Style