BEC-TERO TV

အသက်ပြည့် ဆယ်ကျော်သက် မိန်းကလေးများတိုင်း အတွက် ချစ်စံတဲ ပြုလုပ်ပေးတဲ့ ကမ္ဘောဒီးယား မျိုးနွယ်စု တစ်စု ၏ ရိုးရာဓလေ့

04 Feb 2016     1,591 Views


ဒီကနေ့မှတော့ အသက် ၁၅ နှစ်ပြည့်သော မိန်းကလေးငယ်များအတွက် သူတို့ရဲ့ မိဘများက အခြားသော လူမျိုးတူ ယောက်ျားလေးများဖြင့် ညအချိန်ကို တူတူ ပျော်ပါးရန်အတွက် ချစ်စံတဲ များကို ပြုလုပ်ပေးတဲ့ ကမ္ဘောဒီးယား နိုင်ငံရှိ ကရီအန် ( Kreung ) လူမျိုးစုရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့ ကို တင်ပြချင်ပါတယ် ။

ကရီအန် လူမျိုးတွေဟာ ကမ္ဘောဒီးယား နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ တွင် ပြောင်းရွှေ့သွားတတ်သော လူမျိုးနွယ်စု တစ်စုဖြစ်ပြီး အချစ် နှင့် လိင်ပိုင်း ဆိုင်ရာ ကိစ္စများတွင် အလွန်ပွင့်လင်း သော ယဉ်ကျေးမှုရှိတဲ့ လူမျိုးနွယ်စုဖြစ်ပါတယ် ။
 

အသက်ပြည့်သော ကရီအန် အမျိုးသမီး များအတွက် မိဘများ က သူတို့သမီးများကို မျိုးနွယ်စု တွင်းရှိ အခြားသော ယောက်ျားလေးများ အတွင်း အချစ်၏ အတွေ့အကြုံရရှိစေရန် အရွယ်အစား သေးငယ်သော တဲအိမ်ကို ပြုလုပ်ပေးကာ မိမိ လက်ထပ် ထိမ်းမြားလိုသော အချစ်စစ်ကို တွေ့ရှိသည် အထိ မတူညီသော ယောက်ျားလေးများဖြင့် တူတူပေးနေကြပါတယ် ။

ထို မျိုးနွယ်စု အနေနဲ့ ဒီလို ရိုးရာ ဓလေ့ဟာ မိမိ သမီးများ စစ်မှန်သော ဘဝ လက်တွဲဖော်ကို ရွေးချယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်း ဖြစ်သလို တကယ်ပဲ ကာလရှည် စွာ အချစ် မေတ္တာ ပြည့်စုံသော ပေါင်းသင်းဆက်ဆံနေထိုင်မှု ကို ရရှိနိုင်မယ် လို့ ယုံကြည်ကြပါတယ် ။

ကရီအန် မိန်းကလေးများ ကလည်း သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် အပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိပြီး ယောက်ျားလေးများနဲ့ ဘယ်လို ပြုမှု ဆက်ဆံရမှာကို ကျွမ်းကျင်ကြပါတယ် ။ ယောက်ျားလေး နဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါ မှာ သူတို့ ဘာကို တကယ်လိုအပ်လဲ ဆိုတာကို လဲ ကောင်းကောင်း သိကြပါတယ် ။

ဒီ ရိုးရာဓလေ့ ဟာ အခြားဘယ်လူမျိုးကို မဆို တကယ်ကို ဆန်းကျယ် စေမှာ ဖြစ်ပေမယ့် ကရီအန် လူမျိုးများအတွက် ကတော့ သူတို့ရဲ့ သမီးများအတွက် ခင်ပွန်းရွေးချယ် ဖို့အတွက် ဒီနည်းလမ်းကို ပဲ အသုံးပြုကြပါတယ် ။ အခု ခေတ်အခါကြီးမှာ အိမ်ထောင်ကွဲမှု တွေ ၊ သားမယားပြုကျင့်မှုတွေ များပြားနေတဲ့ အချိန်မှာ ကရီအန် လူမျိုးစု အတွင်း အိမ်ထောင်ကွဲခြင်း နှင့် သားမယားပြုကျင့်ခြင်း ဖြစ်ပွားမှုနှုန်းက လုံးဝကို မရှိတာကို တွေ့ရတယ် ။

အခုအချိန်မှာတော့ NGO အဖွဲ့အစည်းတွေဟာ ကရီအန် လူမျိုးစု များနေထိုင်တဲ့ ဒေသ တွေမှာ ကွန်ဒုံးအသုံးပြုခြင်း နဲ့ လုံခြုံသော လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်း များ နှင့် ပါတ်သက်ပြီး ဖြန့်ဝေ သင်ကြားပေးနေပါပြီ ။

အသက် ၁၇ နှစ် အရွယ် ရှိ ကရီအန် လူမျိုး မိန်းကလေး နန်ချန်း ( Nang Chan ) ဟာ သူရဲ့ မိဘတွေ အိမ်အနောက်မှာ ဆောက်လုပ်ထားတဲ့ ချစ်စံတဲ လေးမှာ နေထိုင်လျက်ရှိပါတယ် ။ အခု ကရီအန် လူမျိုးနွယ်ရဲ့ ရိုးရာဓလေ့ နဲ့ ပါတ်သက်ပြီး ရင်ဖွင့်ပြောဆိုထားတာလေးကို ဖတ်ကြည့်နိုင်ပါတယ်။

“ ဒီတဲအိမ်လေးဟာ ကျွန်မတို့အတွက် တကယ်ကို လွတ်လပ်မှုရှိပြီး ကျွန်မအတွက် အိမ်ထောင်ဖက် စစ်စစ်ကို ရွေးချယ်ဖို့ အတွက် အကောင်းဆုံးပါပဲ ။ ညဖက်အချိန်မှာ ယောက်ျားလေးက လာပြီး ကျွန်မ နဲ့ အတူတူ လာနေတဲ့ အခါ ကျွန်မကသူ့ကို မထိစေချင်ဘူးဆိုရင် သူလည်း လုံးဝ ကျွန်မကို မထိပါဘူး ။ အဲလိုမျိုးဆိုရင် စကားပဲပြောကြပြီး ကိုယ့်ပါသာ ကိုယ်အိပ်ကြတယ် ။ တကယ်လို့သာ ကျွန်မ သဘောကျ နှစ်သက်တဲ့ ယောက်ျားလေးကို တွေ့မယ်ဆိုရင်တော့ နှစ်ယောက်စလုံး သဘောတူကြည်ဖြူပြီး မေတ္တာရှိရင်တော့ တူတူ အိပ်ဖြစ်မှာပါပဲ ။ တကယ်လို့သာ ကျွန်မသူ့ကို မနှစ်သက်တော့ ဘူး ၊ နောက်တစ်ယောက်ကို သဘောကျတယ်ဆိုရင် ကျွန်မသူနဲ့ တူတူ ဆက်မအိပ်တော့ဘူး ။ ကျွန် အသက် ၁၅ နှစ် အရွယ်ကတည်း က ဒီတဲ အိမ်လေးမှာ လာနေတာဖြစ်ပြီး အခုချိန်မှာ ကျွန် သဘောကျတဲ့ ယောက်ျားလေး ၄ ယောက်အထိ ရှိခဲ့ဖူးပါပြီ ။

ကျွန်မ တဲအိမ်လေးကို လာတဲ့ ယောက်ျားလေး ဘယ်နယောက် ရှိပြီလဲ ဆိုတာတော့ မမှတ်ထား တော့ဘူး ။ အခုချိန်မှာ တော့ ၃ ၊ ၄ ယောက်လောက်တော့ရှိတယ် ။ ကျွန်မ ဘေးမှာ အိပ်ကြတယ်ဆိုပေမယ့် လဲ သူတို့နဲ့ လိင်ဆက်ဆံရမယ့် ဆိုတဲ့ တာဝန် ဝတ္တရားမျိုးလဲ မရှိပါဘူး ။ ကျွန်မတို့ မိန်းကလေးတွေ က ကိုယ့်ကို တကယ်ချစ်မယ့်ယောက်ျားလေး တွေကလွဲ လို့ ကျန်တဲ့ တခြား ယောက်ျားလေး ဘယ်သူကို မဆို ဘယ်လို ပဲ ဖြစ်ဖြစ် လိင်ဆက်ဆံဖို့ ငြင်းဆံကြပါတယ် ။

မလိုအပ်ပဲ ကိုယ်ဝန်ရှိလာမှာ အတွက်ကိုတော့ တကယ်ကို စိတ်ပူတယ် ။ ဒါပေမယ့် မိဘတွေက တော့ ဒီလို ပြဿနာတွေ မဖြစ်လာအောင်လို့ နဲ့ ကိုယ်တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ ပဲ တူတူနေဖို့ သေချာသင်ပေးတယ် ။ တကယ်လို့ မိန်းကလေးတယောက်က သူသဘောမကျတဲ့ ယောက်ျားလေးနဲ့ ကိုယ်ဝန်ရပြီဆိုရင် ၊ သူ့ကို သဘောကျတဲ့ တခြား ယောက်ျားလေးက သူ့ကို လက်ထပ်ပြီး အဲဒီကလေးကို သူ့ရဲ့ ကလေးအရင်းအတိုင်းကို ပဲ ကျွေးမွေးပါတယ် ။

Source: http://goo.gl/FMsUOG


04 Feb 2016     1,591 Views




RELATED

Most Popular of Special or Others

Most Popular of Life Style