BEC-TERO TV

မေထုန် ရာသီဖွားမှာ မရိုက်ဖူးသေးတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ရိုက်ကူးဖြစ်တဲ့ အေးမြတ်သူ

04 Feb 2016     1,600 Views


‘မေထုန်ရာသီဖွား’ရုပ်ရှင်ကားတွင် သရုပ်ဆောင်ရမည့် ဇာတ်ရုပ်ကို စိတ်ဝင်စား၍ ကိုယ်တိုင်ပါဝင် ရိုက်ကူးဖြစ်ခဲ့ခြင်းဟု သရုပ်ဆောင် အေးမြတ်သူကပြောကြားခဲ့ သည်။ ‘‘ကျွန်တော် အဲဒီကားမှာ သရုပ်ဆောင်ရမယ့် ခံစားမှုကို မသိသေးဘူး။ ကျွန်တော် မသိသေးလို့ ဒီကားကို ရိုက်တာ။ ဒီအိုက်တင်ကို ကျွန်တော်သိချင်လို့၊ ဒီခံစားမှုကို သိချင်လို့၊ ဒါရိုက်တာက ကျွန်တော့်ကို ဘာတွေသင်ပေးမလဲ ဆိုတာကို လိုချင်လို့ စိန်ခေါ်မှု အနေနဲ့ပါ’’ဟု အေးမြတ်သူက ပြောသည်။

 အဆိုပါဇာတ်ကားတွင် အေးမြတ်သူသည် ၎င်းချစ်သည့် အမျိုးသား တစ်ယောက်က အခြားအမျိုးသား တစ်ယောက်ကို စိတ်ဝင်စားသည့်အခါ ခံစားနေရသည့် အမျိုးသမီးတစ်ယောက် နေရာက ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းဇာတ်ကားမှာ အမျိုးသားနှစ်ဦးကြားက ချစ်ခြင်းကို အဓိက ဇာတ်အိမ်တည် ရိုက်ကူးမည့် ဇာတ်လမ်းဖြစ်သည်။ ‘‘ဒီကားကို ၁၀၀ ရာခိုင်နှုန်း ပရိသတ် စိတ်ဝင်စားဖို့က ဒါရိုက်တာပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်ဆို ဒီကားကို ဒီအိုက်တင်က ဘယ်လိုမျိုးလဲဆိုတာ သိချင်လို့လုပ်မှာ။ အဓိကကတော့ ဒီကားက နည်းနည်းဆန်းပြားတဲ့ ချစ်ခြင်း တရားကို ဖွဲ့တည် ထားတာလို့ပဲ တင်စားချင်တယ်’’ဟု အေးမြတ်သူက ပြောသည်။

 အဆိုပါ ‘မေထုန်ရာသီ’ရုပ် ရှင်ကားကို ဒါရိုက်တာညိုမင်းလွင်က ရိုက်ကူး ပုံဖော်ပေးမည်ဖြစ်ကာ ဥက္ကာမင်းမောင်၊ ချမ်းငြိမ်းကျော်၊ မင်းဦး၊ အေးမြတ်သူနှင့် ရွှေပိုးအိမ် တို့က အဓိက ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလဆန်းတွင် စတင်ရိုက်ကူးမည် ဖြစ်သည်။ လက်ရှိတွင် အေးမြတ်သူသည် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးသည့် ‘ထာဝရထက် တစ်ရက်ပိုချစ်မယ်’ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် အောင်ရဲလင်း၊ သက်မွန်မြင့်တို့နှင့်အတူ ငပလီသို့ သွားရောက်ရိုက်ကူး လျက်ရှိတယ်လို့ သိရပါတယ် ။


04 Feb 2016     1,600 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment