BEC-TERO TV

လမ်းဘေးက စွန့်ပယ်ခံ ထားရသော ခွေးငယ်လေးကို မွေးစား စောင့်ရှောက်တဲ့ မျောက်မကြီးရဲ့ မိခင်မေတ္တာ

04 Feb 2016     1,509 Views


မျောက်တွေနဲ့ ပါတ်သက်ပြီး အိန္ဒိယ နိုင်ငံမှာ မကြာ ခဏ ဇာတ်လမ်း မျိုးစုံကို ကြားရလေ့ရှိ ပါတယ် ။ များသော အားဖြင့် သတင်းဆိုး တွေဖြစ်ကြတယ် ။

လတ်တလောက ဆိုရင် ဘတ်စ်ကား ပေါ်တက်ပြီး ဘတ်စကားမှောက်တဲ့ အထိကို နှောက်ယှက်တဲ့ဖြစ်ရပ် ၊ လူတွေရဲ့ မျက်မှန်တွေကို လိုက်ခိုးတဲ့ ဖြစ်ရပ် တွေနဲ့ အိန္ဒိယ နိုင်ငံမှာ မျောက်တွေက တော်တော်နာမည် ကြီးပါတယ် ။

ဒီလို ဆိုးသွမ်းတဲ့အမှုတွေကြားကနေ ဒီကနေ့ ပြောပြမယ့် မျောက်ရဲ့ဖြစ်ရပ်လေးကတော့ ဖတ်ရှုသူတို့ရဲ့ စိတ်ကို တကယ်ပဲ ထိတွေ့စေမယ်လို့ မျှော်လင့်ပါတယ် ။

အိန္ဒိယနိုင်ငံ ပွန်ဂျပ်ပြည်နယ်ရှိ ရိုဒ်မြို့ငယ်လေးဟာ လွန်ခဲ့သော ရက်သတ္တပါတ် အတွင်းမှာ မိဘမေတ္တာစိတ်အပြည့်ရှိတဲ့ မျောက်မကြီး ရဲ့ ဂုဏ်သတင်းနဲ့ အိန္ဒိယ နိုင်ငံအနှံ့ ကျော်ကြားခဲ့ပါတယ် ။

အသက် (၅) နှစ် အရွယ်ခန့် ရှိပြီဖြစ်ပြီး Rhesus macaque မျောက်မျိုးနွယ်ဝင် မျောက်မကြီးဟာ အာဟာရ ချို့တဲ့ပြီး နေမကောင်းဖြစ်နေတဲ့ လမ်းဘေး တစ်ကောင်တည်း စွန့်လွှတ်ခံထားရတဲ့ ခွေးပေါက်လေးကို မွေးစားခဲ့ပါတယ် ။

အိန္ဒိယ မှာ လမ်းဘေး ခွေးလေခွေးလွင့်တွေ ကိုတွေ့ရတာမဆန်းပေမယ့် , ဘယ်လိုအကြောင်း ကြောင့်မှန်းမသိ ခွေထီးပေါက်ကလေးကို မျောက်မကြီး မွေးစား စောင့်ရှောက်ပေးတဲ့ ဖြစ်ရပ်ကတော့ ထူဆန်းတာ အမှန်ပါပဲ ။ နေ့ည မပြတ် ပြုစုစောင့်ရှောက်ပေးတဲ့ မျောက်မကြီးရဲ့ မိခင်မေတ္တာစိတ်တွေကြောင့် ခွေးပေါက်လေးဟာ ပြန်လည်ကျန်းမာလာပြီး အလေးချိန်လည်းပုံမှန်ပြန်ရ နေပြီပဲဖြစ်ပါတယ် ။

တကယ်ကို နှစ်လိုဖွယ်ကောင်းတဲ့ ဖြစ်ရပ်လေးကြောင့် မြို့သူမြို့သားတွေကလည်း အလျင်းသင့် သလို သူတို့ အတွက် အစားအသောက်များကို ထောက်ပံ့ပေးကြပါတယ် ။ မျောက်မကြီးဟာ ခွေးငယ်လေး အာဟာရ မပြည့်မချင်း ဘာကိုမှ မစားမသောက်ဘဲ ခွေးငယ်လေးကိုသာ အစားအသောက်အားလုံးကို ကျွေးမွေးခဲ့တာပါ ။ ခွေးငယ်လေး မကျန်းမမာဖြစ်တုန်းမှာလဲ အမြဲတမ်းလိုလို ဘယ်သွားသွား ရင်ခွင်ထဲ ဂရုတစိုက် ပွေ့ချီပြီး စောင့်ရှောက်ခဲ့ပါတယ် ။ တခါ တလေ တခြားခွေးများက ခွေးငယ်အစာ စားနေတဲ့ အချိန်လာပြီး ရန်လိုနိုင်ထက်စီးနှင်းပြုချင်ရင်လည်း တခြားခွေးတွေ မထွက်မသွားမချင်း ဇွဲရှိရှိနဲ့ ကို ကာကွယ်မှောင်းထုတ် ပေးတာကိုတွေ့ရပါတယ် ။

မျောက်မလေးနဲ့ ခွေးငယ်လေးရဲ့ သံယောဇဉ်ဟာ ထူးဆန်း တယ်ဆိုပေမယ့် တကယ်ကို ချစ်စရာကောင်းတဲ့ သဘာဝ ကို ဖော်ပြပေးနေတယ်ဆိုတော့ အမှန်ပါပဲ ။


04 Feb 2016     1,509 Views




RELATED

Most Popular of International News

Most Popular of NEWS