BEC-TERO TV

တစ်ကမ္ဘာလုံးတွင် စတုတ္ထမြောက် အချမ်းသာဆုံးသူ ဖြစ်လာသော Facebook ပိုင်ရှင် Mark Zuckerberg

04 Feb 2016     1,488 Views


ယခုတစ်ပတ် အင်္ဂါနေ့မှ စတင်ကာ Mark Zuckerberg သည် Jeff Bezos ရဲ့ Amazon စတော့ဈေးနှုန်းကို ကျော်လွန်ကာ တစ်ကမ္ဘာလုံးတွင် စတုတ္ထမြောက် အချမ်းသာဆုံးသူ ဖြစ်လာခဲ့သည်။ အဂါင်္နေ့ စတော့ ဈေးကွက်ပိတ်ချိန်တွင် Mark ၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ၅၀ဘီလီယံသို့ တက်သွားကြောင်း အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။

US စတော့ ဈေးကွက်အတွင်းတွင် အခက်အခဲများရှိသည့်ကြားကပင် Facebook ၏စတော့ဈေးသည် လွန်ခဲ့သည့် တစ်ပတ်မှ စတင်ကာ ၉.၅%တိုးလာခဲ့သည်။ ထိုသို့ဖြင့် Mark သည့် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၆မှသည် နံပါတ် ၄သို့ တစ်ပတ်အတွင်း ပြောင်းလာခဲ့သည်။ ယခုအခါတွင် Mark သည့် အချမ်းသာဆုံးနံပါတ် ၄တွင် ရပ်တည်နေသော်လည်း သူ၏သမီးဦးလေး Maxima မွေးဖွား လာသောကြောင့် ရုံးမှခွင့်ယူထားဆဲဖြစ်ပြီး မိသားစုကိုသာ အချိန်ပေးနေသည်။

ယခင်က နံပါတ် ၄နေရာတွင်ရှိခဲ့သော် Amazon ပိုင်ရှင် Bezos သည် ၂၀၁၆ ဇန်န၀ါရီလတွင် ပိုင်ဆိုင်မှု ဒေါ်လာ ၅၉.၇ ဘီလီယံ ရှိခဲ့ရာ ယခုအခါတွင် ပိုင်ဆိုင်မှု ဒေါ်လာ ၄၉.၁ဘီလီယံသာ ( e-marketing ၁၈%ခန့် / ဒေါ်လာ ၁၀.၆ဘီလီယံကျဆင်း) ရှိတော့သောကြောင့် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၄နေရာမှ နံပါတ် ၅နေရာသို့ ကျဆင်းသွားခြင်းဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော ၂၀၁၅တွင် သူသည် နံပါတ် ၁၆
နေရာမှ တစ်ဟုန်ထိုးမြင့်တက်လာခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၁ ၂၀၁၅တွင် သူ၏ ပိုင်ဆိုင်မှုသည် နှစ်ဆမြင့်တက်လာခဲ့ပြီး စုစုပေါင်းဒေါ်လာ ၃၀.၇ဘီလီယံ ဖြစ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က Mark အရှေ့တွင်ရှိနေသော Maxico မှ Carlos Slim သည်လည်း စတော့ဈေးကျခြင်းကို ကြုံတွေ့နေရသည်။ Lastin America တွင် စီးပွားရေးတိုးတက်နေသော America Movil ၏ Chief executive Slim သည် ဒေါ်လာ ၃.၃ဘီလီယံခန့် ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း Bill Gates ကတော့ ဒေါ်လာ ၇၈.၇ဘီလီယံဖြင့် နံပါတ် ၁ နေရာတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။  Spanish Zara ပိုင်ရှင် Amancio Ortega သည် ပိုင်ဆိုင်မှု ဒေါ်လာ ၆၉.၃ ဘီလီယံဖြင့် ဒုတိယနေရာတွင်ရပ်တည်လျှက်ရှိပြီး Warren Buffett က ပိုင်ဆိုင်မှု ဒေါ်လာ ၅၉.၆ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်လျှက်ရှိသည်။

Credit source: Daily Mail


04 Feb 2016     1,488 Views




RELATED

Most Popular of International News

Most Popular of NEWS