BEC-TERO TV

အင်္ဂပူ တောကြီးတန်းအတွင်း ပျူခေတ် အဆောက်အအုံ ပျက်များနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိ

04 Feb 2016     2,122 Views


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အတွင်းရှိ အင်္ဂပူတောကြီးတန်း အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ရှိခဲ့သော ပျူခေတ်ဂ၀ံ မြို့ဟောင်းကြီးဟု ယူဆရသည့် ပျူခေတ် အဆောက်အအုံပျက်များနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သည့် သမိုင်းသုတေသီများထံမှ သိရှိရသည်။

 မြို့ဟောင်းကြီးသည် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ တောင်ဇင်းကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ကျော်ခန့် ကွာဝေးသော အင်္ဂပူတောကြီးတန်းအတွင်း တည်ရှိနေပြီး တွေ့ရှိထားသည့် ဘုရားစေတီနှင့် အဆောက်အအုံ ပျက်များတွင် ဘီစီ ၃ ရာစု(ဗုဒ္ဓခေတ်)နှင့် ဘီစီ ၆ ရာစု(အသောကခေတ်) အတွင်း သုံးစွဲခဲ့သော ဗြာဟ္မီ အက္ခရာများနှင့် ပျူအက္ခရာများ ရေးထိုးပါရှိသည့် လက်ရေးစင်း စပါးခွံ ပျူအုတ်ချပ်များနှင့် ပျူခေတ် ကျောက်ဆစ် နတ်ရုပ်များကိုလည်း တွေ့ရှိထားကြောင်း သမိုင်းသုတေသီများထံမှ သိရသည်။

 တွ့ရှိထားသည့် မြို့ဟောင်းကြီးသည် အ၀န်းပတ်လည် ရှစ်မိုင်ခန့်ရှိပြီး ဘယ်၊ ညာ နှစ်ဖက်တွင် ကာကင်းကုန်း နှင့် မျှော်ကင်းကုန်းဟု ယူဆရသည့် ရှေးဟောင်း ဂ၀ံကျောက်များဖြင့် တည်ဆောက်ထားသည့် ပေနှစ်ရာကျော်စီ ရှည်လျားသော တောင်တန်းကြီး နှစ်ခု တည်ရှိနေပြီး ပျူခေတ်၊ ပုဂံခေတ် အုတ်စီစနစ် (အုတ်ဒေါင် လိုက်စီ) နှင့် ပျူခေတ် စပါးခွံအုတ်ချပ်များ အသုံးပြုကာ တည်ဆောက်ထားသည့် ရှေးဟောင်း အုတ်လှေကား ရှည်ကြီးများလည်း တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သူ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောသည်။

    credit ; The Ladies News Journal


04 Feb 2016     2,122 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS