BEC-TERO TV

မိုဘိုင်းဖုန်း များနှင့် ကျန်းမာရေး အန္တာရယ်

04 Feb 2016     1,519 Views


မိုဘိုင်းဖုန်းမှထွက်သော ရေဒီယိုသံလိုက်လှိုင်းများကြောင့် ကျန်းမာရေးထိခိုက်မှုဖြစ်ကြောင်း ခိုင်လုံသော သက်သေ မရှိသော်လည်း ထိုသံလိုက်လှိုင်းများကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟူသော သံသယများကြောင့် David Servan-Schreiber သည် လေ့လာမှု တစ်ခုပြုလုပ်ခဲ့ရာ အံ့သြဖွယ်ကောင်းလောက်အောင် မိုဘိုင်းဖုန်း သုံးရာတွင် ရှောင်ရှားသင့်သော အချက်များကို လေ့လာတွေ့ရှိခဲ့သည်။
 
- ရေဒီယိုသံလိုက်လှိုင်းများသည် လူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်နိုင်ပြီး ကလေးများတွင် ပိုမိုအလွယ်တကူ ထိုးဖောက်နိုင်သည်။
- မိုဘိုင်းဖုန်းသုံးခြင်းက Stress ဖြစ်စေသောဆဲလ်များကို ပိုမိုအားကောင်းလာစေသည်။
 
မိမိကိုယ်တိုင်လည်း ဦးနှောက်ကင်ဆာဖြစ်နေသော David က အခြားကျွမ်းကျင်သူ ၂၀ဦးနှင့်ပူးပေါင်းကာ မိုဘိုင်းဖုန်းသုံးရာတွင် ရှောင်ကြဉ်သင့်သော အချက် ၁၀ခုကို စာရင်းပြုစုခဲ့သည်။
 
၁။ အရေးပေါ်အခြေအနေမှလွဲ၍ ၁၂နှစ်အောက် ကလေးငယ်များကို မိုဘိုင်းဖုန်းမသုံးခိုင်းပါနှင့်။ ကြီးထွားစပြုနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ရေဒီယိုသံလိုက်လှိုင်းဒဏ်ကို ပိုမိုခံစားရလေ့ရှိသည်။ ယနေ့ခေတ်တွင် ကလေးငယ်အများစု တွင် ကိုယ်ပိုင် မိုဘိုင်းဖုန်းများရှိတတ်ကြသည်။
 
၂။ ခန္ဓာကိုယ်နှင့် တစ်မီတာအကွာတွင် အမြဲထားပါ။ ( ဖုန်းတွင်ပါဝင်သော amplitude field သည် ၁၀စင်တီမီတာတွင် ၄ဆလျော့နည်း သွားပြီး တစ်မီတာတွင် အဆ၅၀လျော့နည်းသွားသည်။) ဖုန်းကို Speaker (စပီကာ) ဖြင့်သော်လည်းကောင်း၊ Bluetooth နားကြပ်ဖြင့်သော် လည်းကောင်း အသုံးပြုနိုင်လျှင်အကောင်းဆုံးဖြစ်သည်။ သို့သော် နားကြပ်ကို အစဉ်အမြဲ၊ အချိန်ကြာကြာမတပ်ထားသင့်ပါ။
 
၃။ ဖုန်းသုံးနေသောသူများနှင့် တစ်မီတာခန့်အကွာတွင်နေပါ။ သင်ကိုယ်တိုင်လည်း မိုဘိုင်းဖုန်းကို လူများသောနေရာများဖြစ်သော ရထား၊ မြေအောက်ရထားနှင့် Bus ကားပေါ်များတွင် မသုံးသင့်ပါ။ သင့်ဖုန်းမှထွက်သော ရေဒီယိုလှိုင်းများကြောင့် အခြားသူများ ဒုက္ခ မရောက်စေရန်ဖြစ်သည်။
 
၄။ အင်္ကျီအိတ်ထဲတွင် ဖုန်းထည့်ကာ မသယ်သွားပါနှင့်။ အိပ်နေစဉ်တွင်လည်း သင့်အနီးနားမှာ ဖုန်းကိုမထားပါနှင့်။
 
၅။ မဖြစ်မနေသင့်အင်္ကျီအိတ်ထဲတွင် ထည့်သွားရမည်ဆိုပါကလည်း ဖုန်း၏အရှေ့မျက်နှာပြင်ကို သင့်ဘက်တွင်ထားပြီး ရေဒီယိုလှိုင်းအားပိုပြင်းသော ဖုန်းအနောက်ဘက်ကို အပြင်ဘက်တွင်ထားပါ။
 
၆။ ဖြစ်နိုင်သမျှ အမြန်ဆုံးဖုန်းပြောပါ။ ဖုန်းပြောချိန်ကို နည်းနိုင်သမျှနည်းအောင် ဖုန်းပြောလျှင် တိုတိုနှင့်လိုရင်းကိုသာပြောပါ။ ကြာကြာပြောရန်လိုအပ်ပါက ကြိုးဖုန်းကိုအသုံးပြုပါ။ ကြိုးမဲ့မိုဘိုင်းဖုန်းများသည် ကြာကြာပြောလျှင် ကျန်းမာရေး ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။
 
၇။ သင့်ဘက်က ဖုန်းစခေါ်ပါက အခြားဖုန်းလက်ခံသူမှ ဖုန်းမကိုင်မှီ ဖုန်းကို ဟိုဘက်နားမှ ဒီဘက်နားသို့ မကြာခဏ ပြောင်းနားထောင်ပေးပါ။
 
၈။ ဖုန်းလိုင်းဆွဲအားမကောင်းချိန်နှင့် သင်မြန်မြန်သွားနေချိန် (ကားစီးနေချိန်၊ ရထားစီးနေချိန်) များတွင် ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။
 
၉။ ဖုန်းပြောမည့်အစား ဖြစ်နိုင်လျှင် message ပို့ပါ။ ( ဖုန်းသုံးချိန်တွင် ရေဒီယိုလှိုင်းများဝင်ရောက်မှုကို လျော့ကျစေနိုင်ရန်ဖြစ်သည်။)
 
၁၀။ SAR ( Specific Absorption Rate , ခန္ဓာကိုယ်အတွင်း ရေဒီယိုလှိုင်းဝင်ရောက်မှု) နည်းသော ဖုန်းအမျိုးအစားကိုသာ ရွေးချယ်ပါ။ ဖုန်းမဝယ်မှီ ရေဒီယိုလှိုင်းဝင်ရောက်မှုနှုန်းများကို ဖုန်းအမျိုးအစားအလိုက် နှိုင်းယှဉ်ပြထားသော David Servan-Schreiber ၏  website တွင်(သို့) သင့် carrier တွင် စစ်ကြည့်နိုင်ပါသည်။

04 Feb 2016     1,519 Views




RELATED

Most Popular of Special or Others

Most Popular of Life Style