BEC-TERO TV

Valentine Day မှာ ဘယ်လို လက်ဆောင်တွေ ဘယ်လို အစီအစဉ်တွေ ပြုလုပ်ပေးရမလဲ စဉ်းစားနေသူများ အတွက်

04 Feb 2016     1,581 Views


ကိုယ့်ရဲ့ချစ်ခင်မြတ်နိုးသူ အပေါ် ဘယ်လောက်အထိ ဂရုစိုက်ကြောင်း ၊ ဘယ်လောက် အထိ အလေးထားကြောင်းကို အပေါ်လွင်ဆုံး ဖော်ပြပေးရမယ့် Valentine Day ကို ရောက်ရှိဖို့အတွက် ၁၀ ရက်သာလိုပါတော့တယ် ။ အခု အချိန်အထိ ဘာကိုမှ မပြင်ဆင်ရ သေးသူများအတွက် အကြံအညဏ် ကောင်းများ ရရှိစေဖို့အတွက် အခြေခံ ကျပြီး သဘောတွေ့ နှစ်သက်စေမယ့် လက်ဆောင် နဲ့ အစီအစဉ် အချို့ကို ဖော်ပြပေးလိုက်ပါတယ် ။

၁ . ချောကလက်
ချစ်သူများနေ့ ရဲ့ အဓိက အခြေခံ အကျဆုံး နှင့် အားလုံးသိပြီးသားဖြစ်တဲ့ ချောကလက် လက်ဆောင်ကတော့ ချစ်သူများနေ့မှာ ကိုယ်ရဲ့ ချစ်ရသူကို အချိုမိန်ဆုံး နှင့် အပျော်ရွှင်ရဆုံးနေ့ဖြစ်စေဖို့အတွက် လက်ဆောင်ပေးရာမှာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ် ။ ဆိုင်မှာ မိမိ ချစ်သူ ကြိုက်နှစ်သက်တဲ့ ချောကလက်ကိုရွေးပြီး ဘူးကို သေချာ လှလှပပ ပြုလုပ်ပြီး ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင် ချောကလက်ကိုပြုလုပ်ပြီး ပဲဖြစ်ဖြစ် မနက်စောဆုံးမှာ သွားရောက် လက်ဆောင်ပေးခြင်းက တော့ မိမိချစ်သူကို တကယ်ပဲ စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်မှာပါ ။

၂ . ညနေစာ
မိမိချစ်သူ ကြိုက်နှစ်သက်သော စားသောက်ဆိုင်မှာ ဖြစ်ဖြစ် ၊ နှစ်ယောက်တည်း သေသေချာချာ အေးအေး ဆေးဆေး စကားပြော ပြီး ညနေစာ တူတူစားနိုင်မည့် စားသောက်ဆိုင်မှာပဲ ဖြစ်ဖြစ် နေရာကို ကြိုတင်မှာ ယူပြီး ညစာ စားသောက်ခြင်းဟာလည်း ချစ်သူများနေ့မှာ ရွေးချယ်နိုင်ငံအကောင်းဆုံးသော အစီအစဉ် တစ်ခုပါပဲ ။ နှစ်ဦး စလုံးအတွက် တကယ်ကို ချိုမြိန်ပြီး သာယာလှပတဲ့ ညခင်းချိန်ဟာ ချစ်သူသက်တမ်းရဲ့ အမှတ်တရ ဖြစ်စေမှာပါပဲ ။ ညနေစာ သွားစားတဲ့ အချိန်မှာ မိမိ ချစ်သူ ကြိုက်တတ်တဲ့ ပန်းကို ယူသွားရင် ပိုပြီး ကဗျာဆန်စေမှာပေါ့ ။

၃ . ပန်း
တစ်ချို့တွေက ပန်းကို လက်ဆောင်အဖြစ်ပေးခြင်းက ရိုးလွန်းတဲ့ အစီအစဉ်လို့ ပြောကြပေမယ့် ဘယ်သူတွေ ဘယ်လိုပြောပြော ပန်းစည်းလက်ဆောင်ပေးခြင်းက မိမိ ချစ်သူကိ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးသော နည်းလမ်းတစ်ခုဆိုတာ အမှန်ပါပဲ ။ နှင်းဆီပန်း ၊ ကျူးလစ်ပန်း ၊ ဇော်မွှေးပန်း သို့မဟုတ် အိုင်းရစ်ပန်း ပဲဖြစ်ဖြစ် မိမိ ချစ်သူရဲ့ အနှစ်သက်ဆုံးသော ပန်းကို လက်ဆောင်ပေးရင်တော့ ချစ်သူများနေ့မှာ ချစ်သူရဲ့ နှလုံးသားကို တကယ်ကို အပိုင်သိမ်းနှိင်မှာ ပါ ။

၎ . အိမ်မွေးတိရစ္ဆာန်
အိမ်မွေးတိရစ္ဆာန် လက်ဆောင်ပေးမယ်ဆိုရင်တော့ မပေးခင် သေချာစဉ်းစားပြီးတော့ မှ ပေးနော် ။ အိမ်မွေး ခွေး ၊ ကြောင် သို့မဟုတ် ငှက်ကလေးပဲ ဖြစ်ဖြစ်ပေးမယ်ဆိုရင် သူတို့ကို ကျွေးမွေး ပြုစုရမယ့် တာဝန်က (၂) က (၂) ယောက်လုံးရဲ့ တာဝန်ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီလက်ဆောင်ကတော့ သင့်ချစ်သူရဲ့ နှလုံးသားကို သေချာပေါက် အနိုင်ယူနိုင်မယ့်လက်ဆောင် ဖြစ်နိုင်ပါတယ် ။ တစ်သက်လုံးအတွက်တောင်မှ အမှတ်ရသွားနိုင်မှာနော် ။

၅ . ရေမွှေး
ကဲ သူငယ်ချင်းတွေနဲ့ လဲသေချာတိုင်ပင် ၊ ကိုယ်တိုင်လည်း ရေမွှေးဆိုင်မှာ သွားပြီး စိတ်ကြိုက်စမ်းကြည့် ပြီး ချစ်သူ့အကြိုက်နဲ့ လိုက်ဖက်ညီ မယ့် ရေမွေးကို လက်ဆောင်ပေးမယ်ဆိုရင်လည်း အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ ။

၆ . ရုပ်ရှင်
နောက်ဆုံးရုံတင် ရုပ်ရှင်ကားကို အကောင်းဆုံးနေရာ မှာ ကြိုတင်နေရာ မှာယူထားတာပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်အခွေဆိုင်မှာ တူတူ ရုပ်ရှင်တွေ ရွေးပြီး ဝယ်ပြီး တူတူကြည့်တာပဲ ဖြစ်ဖြစ် ဒီ အစီအစဉ်ကလည်း ချစ်သူများနေ့ ရဲ့ အကောင်းဆုံးသော အစီအစဉ်ထဲက တစ်ခုပါပဲ ။

၇ . ဖိနပ်
အရေးအကြီးဆုံးက ကိုယ့်ချစ်သူရဲ့ ဖိနပ်ဆိုဒ် ကို သေချာ သိအောင်လုပ်ထားပါ ။ ကိုယ် အလိုချင်ဆုံး ဖိနပ် အမျိုးအစားကို ချစ်သူများနေ့မှာ ကိုယ့်ချစ်သူက ပေးမယ်ဆိုရင် ဘယ်လိုခံစားရမလဲ ဆိုတာ သင်ကိုယ်တိုင်လည်း သိပြီးသားပါ ။ အလိုချင်ဆုံး Brand နဲ့ Design ကို ရွေးပေးပါ ။

၈ . Tablet
IT ပစ္စည်းတွေကို အရူးအမှုး ကြိုက်နှစ်သက် အသုံးပြုတဲ့ ချစ်သူမျိုးကို ဘက်စုံ အသုံးပြုနိုင်တဲ့ Tablet တစ်လုံး လက်ဆောင်ပေးရင် သူ့အတွက် ချစ်သူများနေ့မှာ ဒီထက်ကောင်းတဲ့ လက်ဆောင်မရှိနိုင်ပါဘူး ။

၉ . ပန်းချီ
စိတ်ကို လန်းဆန်း စေပြီး ၊ အမောပြေ စေမယ့် ပန်းချီကားချပ်မျိုးပဲ ဖြစ်ဖြစ် ၊ အနက်ရှိုင်းဆုံးမေတ္တာကို ဖော်ကျူးထားပြီး ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ အနုပညာလက်ရာကိုပဲဖြစ်ဖြစ် သေချာ သပ်ရပ်တဲ့ လှပတဲ့ ဘောင်ကို အသုံးပြုပြီး လက်ဆောင်ပေးမယ်ဆိုရင် လည်း ရွေးချယ်နိုင်တဲ့ အကောင်းဆုံးသော အစီအစဉ်တစ်ခုပါပဲ ။

၁၀ . စာအုပ်
မိမိချစ်သူကို အမြဲတမ်း ဂရုတစိုက် ရှိနေကြောင်းကို ဖော်ပြနိုင်မယ့် နောက်နည်းလမ်းကတော့ သူ့ အကြိုက်နှစ်သက်ဆုံး စာအုပ်အမျိုးအစားကို လက်ဆောင်ပေးခြင်းပါပဲ ။ စာအုပ်အတွင်းသားမှာပဲ ဖြစ်ဖြစ် စာရွက်လေးနဲ့ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အမှတ်တရစာသားကို ပါ ထည့်ရေးပေးဖို့လည်း မမေ့နဲ့နော် ။

၁၁ . အပန်းဖြေခရီး
ချစ်သူများနေ့မှာ နေ့ချင်းပြန် ခရီးစဉ်လေးတစ်ခုကို ဆွဲပြီး ချစ်သူနဲ့ အတူ လျောက်လည်ရင်း အမှတ်တရ ဓါတ်ပုံတွေအများကြီးရိုက်ယူခြင်းမှာ လည်း အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ ။ ခရီးသွားရတာ မကြိုက်တဲ့ သူဆိုတာ အလွန်ရှားပါတယ် အထူးသဖြင့် ချစ်ရသူနဲ့ (၂) ယောက်တည်းသွားရတာမျိုးပေါ့ ။

၁၂ . အရုပ်
အရုပ်ဆိုတာကတော့ အမွှေးပွ အရုပ်တွေကိုပြောတာပါ ။ ညဖက်ဆိုရင် ဖက်ပြီးအိပ်လို့ရမှာ ပဲဖြစ်ဖြစ် ၊ ရုပ်ရှင်တွေထဲက ကိုယ့်ချစ်သူ ကြိုက်တဲ့ ဇာတ်ကောင်အမျိုးအစားကို ပဲ ဖြစ်ဖြစ် ဘယ်အမျိုးအစားကို ဝယ်ပေးရမယ်ဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးပါ ။

၁၃ . ကိုယ်တိုင်လုပ် အမှတ်တရ လက်ဆာင် ကဒ်
ကိုယ်ကိုယ်တိုင် သေသေချာချာ တစ်ယောက်တည်းအတွက် သီးသန့် ပြုလုပ်ပေးတဲ့ အမှတ်တရ လက်ဆောင်ကဒ် ကို Online ကပဲဖြစ်ဖြစ် ၊ ဆိုင်က ပဲဖြစ်ဖြစ် ဝယ်ယူနိုင်တဲ့ အမှတ်တရလက်ဆောင်ကဒ် တွေက ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။

၁၄ . နာရီ
လက်ပါတ်နာရီ ကို ချစ်သူများနေ့မှာ လက်ဆောင်ပေးမယ် ဆိုတာဟာ အချိန်တိုင်းမှာ ကိုယ့်ကိုယ် သတိရပါလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ပါပဲ ။ ကိုယ့်ချစ်သူနဲ့ လိုက်ဖက်မယ့် လက်ပတ်နာရီမျိုးကို သေချာရွေးနော် ။

၁၅ . လက်ဝတ် ရတနာ
အပေါ်ကနည်းလမ်းတွေက သိပ်ပြီး ရင့်ကျက်တယ်လို မယူဆ ဘူးဆိုရင် လက်ဝတ်ရတနာကို ရွေးချယ်နိုင်ပါတယ် ။ လက်ဝတ်ရတနာ က တော့ ဘယ်သော အခါမှ မရိုးသွားနိုင်တဲ့ လက်ဆောင် ထဲက တစ်ခုပါပဲ ။
ဒီလောက်ဆိုရင်တော့ Valentine Day မှာ ကိုယ့်ချစ်သူကို ဘာစီစဉ်ပေးရင်ကောင်းမလဲ အတွက် အကြံအညဏ် နည်းနည်းပါးပါး ရမယ်လို့မျှော်လင့်ပါတယ် ။


04 Feb 2016     1,581 Views




RELATED

Most Popular of Special or Others

Most Popular of Life Style