BEC-TERO TV

တရုတ်ရိုးရာ အကပြိုင်ပွဲတွေ စွန့် စားရလွန်းတယ်လို့  ပြိုင်ပွဲဝင်တချို့ ဝေဖန်

04 Feb 2016     1,681 Views


 တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ရိုးရာခြင်္သေ့အကနှင့် နဂါးရှည်အကတွေကို မြန်မာနိုင်ငံအတွင်း ကပြနေကြရာမှာ စွန့် စားလွန်းပြီး အန္တရာယ်ကိုပါထိခိုက်နိုင်တယ်လို့  ပြိုင်ပွဲဝင်သူတွေက ပြောပါတယ်။ နှစ်သစ်ကူးအကြိုအဖြစ် ရန်ကုန်မြို့  Junction Square က ရိုးရာအကပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေ ပြောဆိုထားကြတာပါ။

တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြင်္သေ့အက ၊ နဂါးရှည်အက ဖိတ်ခေါ်ပြိုင်ပွဲနဲ့  စွမ်းရည်ပြပွဲတွေကို နိုင်ငံတကာတွေလိုပဲ မြန်မာနိုင်ငံမှာ ကျင်းပနေတာပါ။ ဒါပေမယ့် အကဲဖြတ်ဒိုင်တစ်ဦးကတော့ အရင်ကနိုင်ငံတကာအမှတ်ပေးစည်းမျဉ်းတွေ သေချာမသိသေးသောကြောင့် စွန့် စားတဲ့ ကကွက်တွေကို အဓိကထားခဲ့ပေမယ့် ခုပြောင်းလဲသွားပြီးလို့ ဆိုပါတယ်။လက်ရှိအမှတ်ပေး စနစ်မှာ ၀တ်စုံ၊ ကကွက်သေသပ်မှု၊ စွန့်စွားကကွက်၊ တီထွင်ကကွက်နဲ့ သတ်မှတ်ချိန်အလိုက် ကကွက်ညီမှုတွေကို အမှတ်ပေးတာလို့လည်းပြောပါတယ်။


04 Feb 2016     1,681 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS